Thursday, 24 January 2013

ကိုမင်းကိုနိုင်..နော်ဝေးနဲ့ ဥရောပခရီးစဉ် မကြာခင်မှာစတင်မယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်..ကိုမင်းကိုနိုင်ရဲ့ နောက်ထပ် ပြည်ပခရီးစဉ်ကို
လာမယ့် ဖေဖော်ဝါရီလ (၁၃) ရက်ကနေ့ စတင်မှာဖြစ်တယ်။

နော်ဝေးနိုင်ငံ၊ ထရွန်ဟင်းမ်မြို့ကျောင်းသားအဖွဲ့အစည်းကချီးမြှင့်ခဲ့တဲ  နိုင်ငံတကာကျောင်းသား ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ဖေဖော်ဝါရီ (၁၄) ရက်မှာ နော်ဝေးနိုင်ငံရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကိုတော့ဖေဖော်ဝါရီ (၁၆-၁၇) မှာရောက်ပြီးအော်စလိုရဲ့ ပြည်သူ့လွှတ်တော် ကို လေ့လာကြည့်ရှုပြီး အဝေးရောက် မြန်မာတွေနဲ့ လည်းတွေ့ဆုံဖို့ရှိပါတယ်။

နော်ဝေး-မြန်မာကော်မတီ (NBC) ရဲ့ ဖိတ်ခေါ်ချက်နဲ့အလည် အပတ်လာမှာဖြစ်ပြီး သူရဲ့ဥရောပနိုင်ငံများ 
လေ့လာရေးအစီအစဉ်ကိုတော့ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ ကစပြီ ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်..နိုင်ငံ အပါဝင်နိုင်င်တချို့ကိုသွားလည်မယ်လို့ သိရတယ်။ 
ကိုမင်းကိုနိုင်နဲ့၈၈ မျိုးဆက်အဖွဲ့ဟာပြီးခဲ့တဲ့ သတင်းပတ်ကဘဲ ဖိလစ်ပိုင်နိုင်ငံကို လေ့လာရေး
ခရီးထွက်ခဲ့ပါတယ်။

သတင်း ကိုညို

ကိုမင်းကိုနိုင်..နော်ဝေးနဲ့ ဥရောပခရီးစဉ် မကြာခင် စတင်မယ်။

---

No comments:

Post a Comment