Wednesday 2 January 2013

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းခွင့်ပုဒ်မ (၁၈)တမှုကို တသိန်းတသောင်းတဲ့


ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းခွင့် ပုဒ်မ (၁၈)ဖြင့် ပထမဦးဆုံး တရားစီရင်ခြင်းခံရသော အင်းစိန်ပန်းခြံ (၅၀)ကွေ့ ဈေးသည် (၁၁) ဦး၏ ဒဏ်ငွေပေးဆောင်ထားသော ပြေစာမူရင်းလေးကို တင်ပြလိုက်ပါတယ်
Photo..Zaw Zaw Min Htay

လောလောဆယ် ငြိမ်းချမ်းရေးနေ့ အတွက် စွဲဆိုထားတာက ငါးမှု၊ နောက်ထပ် အခု ၁၂ ရက်နေ့က မဆီမဆိုင် ရေလှူတာလည်း ခေါင်းဆောင်တယ် ဆိုပြီး ထပ်စွဲခေါ်ထားတာက နှစ်ရုံး နှစ်မှု။ ပေါင်း ခုနှစ်မှု ၊ တမှုကို တသိန်းတသောင်း၊ ခုနှစ်မှုကို ခုနှစ်သိန်း ခုနှစ်သောင်း၊ အောင်မြတ်လေး။

လူတောင် ဘတ်စ်ကားနဲ့ တရားရုံးသွားနေရတာ။ အဲဂလောက် ဒါဏ်ငွေ ချမယ်ဆိုရင်တော့ ၊ သံတိုင်နောက်မှာ အနားယူတာက စရိတ်သက်သာဆုံးဖြစ်မယ် ထင်တာပါပဲ။ ကျနော့်မှာ အဲသည်လောက် ဒါဏ်ငွေ ဆောင်စရာ မရှိပါဘူး။ ဗြောင်ဗြောင်ပဲ ကိုယ့် ပိုင်ဆိုင်မှုကို ကြိုကြေငြာထားတာ။

ဟို အမိန့်ချ ဒီအမိန့်ချ လာမလုပ်ပါနဲ့။ ပိုင်ဆိုင်မှုကို အခုကတည်းက ကြိုပြောထားပါတယ်။ တရားသူကြီးမင်း ဆိုသူများခင်ဗျား

နေမျိုးဇင်

No comments:

Post a Comment