Thursday 3 January 2013

အထူးအခွင့်အရေးရ လိုင်စင်မဲ့ ဆိုင်ကယ် တစီးရဲ့ရန်ကုန်က အဖြစ်


ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အေးရိပ်ငြိမ်လမ်းရှေ့ ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယနေ့  ဇန်န၀ါရီ လ ၃ ရက်နေ့ မနက် ၈ နာရီ ခွဲ ၀န်းကျင်က ယာဉ်တိုက်မှု တခုဖြစ်ပွားခဲ့ရာမှာ လျှပ်စစ် ၀န်ကြီးဌာန ၀န်ထမ်း တဦး မောင်းနှင်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တစီးဟာ အခုလိုဖြစ်သွားရပါတယ်။ 



ပျက်စီးသွားတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်၊  ဓာတ်ပုံ- သာလွန်ဇောင်းထက်/ ဧရာဝတီ

ရန်ကုန်မြို့မှာ မော်တော် ဆိုင်ကယ်မောင်းနှင်စီးနင်းခွင့်ကို အစိုးရ ၀န်ထမ်းတွေဖြစ်တဲ့ ယခင် စစ် ထောက် လှမ်းရေးတွေ၊ ရဲသတင်းတပ်ဖွဲ့ဝင်တွေနဲ့ အခြား ဌာန ဆိုင်ရာ ၀န်ထမ်းတွေပဲ အထူး အခွင့်အရေးတွေ ရ 
နေကြတာဖြစ်ပါတယ်။ 

ယာဉ်တိုက်မှု ဖြစ်တဲ့ ဆိုင်ကယ်ပျက်ကို ဒီလို သယ်သွားကြရတယ်

အများပြည်သူတွေအတွက်ကတော့ ရန်ကုန်မြို့တခွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့် မရှိကြပါဘူး။ ဒါပေမယ့် အစိုးရ ၀န်ထမ်းဆိုသူတွေက ဘယ်လို ကင်းလွတ်ခွင့် ဥပဒေတွေနဲ့ စီးနင်းခွင့် ရနေကြတယ် ဆိုတာ မသိရလို့မေးခွန်းထုတ်နေသူတွေ များပါတယ်။

No comments:

Post a Comment