Monday 21 January 2013

မေတ္တာကြီးပေ ဒို့ မေမေ




ဒေါ်စုအမွေကမ္ဘာတည် စေဘို့၊

မြန်မာ သွေးမြန်မာ့ဟန်နဲ့ 

ဟန်ချက်ညီညီအသံပေး

ဆတိုး တဲ့ ဂရုဏာ ပေးပို့ နေမှာ

ပြည်သူတွေ ကံအရာ ထူးပေလို့၊

အောင်ဆန်းမျိုးရိုး တွေ့ ရ ခါခါ

ရှေးကုသိုလ်ကံအကြောင်းရယ်ကြောင့်

ဘုန်းပညာ တောက်ပါဘိ

အာကာထိပ်ဆီမှ

ပြိုင်စံရှားဒီအမေ

အမျိုးသားခေါင်းဆောင်ကြီးပေမို့ 

ကျေးဇူးတွေ ဆပ်မကုန်နိုင်သူ

စုဧကရီလေးကိုမှ

ရောက်လေရာကြိုဆိုသူပေါပါဘိ

ရှေးကုသိုလ်ထူး..။ ။

ကိုထွန်းဝေ
21.1.2013

မေတ္တာဖြင့်မျှဝေပေးအပ်ပါတယ်။


ဓါတ်ပုံ ( ဒေါ်အောင်ဆန်းစုကြည်)ဂရုမှရယူပါတယ်..။

No comments:

Post a Comment