Wednesday 23 January 2013

ကေအိုင်အေက ပြောပြီ ....ဘာသာပြန်



(Reuter News မှ 20 Jan 2013 ရက်စွဲပါ “Myanmar rebels say army ignoring president’s ceasefire” သတင်းကို ဘာသာပြန်ဆိုသည်) မြန်မာသမ္မတက နိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်လိုသည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သော်လည်း ၎င်း၏ အပစ်ရပ်အမိန့်ထုတ်ပြန်ထားသည့်ကြားမှပင် ကချင်ပြည်နယ်မှ သူပုန်စခန်းများကို ထပ်မံတိုက်ခိုက်လျှက်ရှိကြောင်း သူပုန်နှင့် ဒေသခံသတင်းရပ်ကွက်များက ဆိုပါသည်။

တိုက်ခိုက်မှုများ ပြင်းထန်နေသော တရုတ်နယ်စပ်အနီး ကချင်ပြည်နယ် လဂျားယန် ဒေသမှ အစိုးရတပ်များအားဒ အပစ်ရပ်ဆိုင်းရန် သောကြာနေ့တွင် သမ္မတဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်သည် စနေနေ့မနက်တွင် စတင်အာဏာသက်ရောက်ခဲ့သော်လည်း ယခုသတင်းပတ်ကုန် စနေ၊ တနင်္ဂနွေရက်များအတွင်း ကချင်ပြည်နယ်အနှံနှင့် လဂျားယန် နယ်မြေတွင် အစိုးရတပ်များက ဆက်လက်တိုက်ခိုက်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အေ ပြောရေးဆိုခွင့် ရှိသူ ဂျိမ်းလမ်ဒေါက Reuters သို့ပြောကြားသည်။ ကေအိုင်အေ၊ ကေအိုင်အိုဌာနချုပ်အခြေစိုက်ရာ လိုင်ဇာကိုသိမ်းပိုက်ရန် တပ်မတော်(အစိုးရတပ်) ကရည်မှန်းထားသည်ဟူသော ပြောဆိုမှုများကို သမ္မတဦးသိန်းစိန်က ငြင်းဆိုလိုက်ပြီး “အခုဆိုရင် တပ်မတော် တပ်ဖွဲ့တွေဟာ လိုင်ဇာနဲ့သေနတ်တစ်ကမ်းကို ရောက်နေပါပြီ။ ဒါပေမယ့် လိုင်ဇာကို မသိမ်းဖို့ ကျွန်တော်ညွှန်ကြားထားပါတယ်” ဟု ရန်ကုန်မြို့တွင် အစိုးရမဟုတ်သော လူထုအခြေပြုအသင်းအဖွဲ့များနှင့်တွေ့ဆုံစဉ် သမ္မတက ပြောကြား ခဲ့သည်။ “နိုင်ငံတဝှမ်းစဉ်ဆက်မပြတ် ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် ဖြစ်နိုင်သမျှမြန်မြန် စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းကြဖို့ကလွဲရင် တခြားနည်းလမ်း မရှိပါဘူး” ဟု သမ္မတဦးသိန်းစိန် ကပြောဆိုသွားခဲ့သည်။ ၂၀၁၁ ဇွန်လတွင် ကချင်ပြည်နယ်၌ ၁၇ နှစ်ကြာ အပစ်ရပ်စဲထားမှု ကျိုးပေါက်သွားပြီးနောက်ပိုင်း ယခုသီတင်းပတ်များအတွင်း တိုက်ပွဲများ အရှိန်မြင့်ပြင်းထန်လာခဲ့သည်။ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သော လပေါင်း ၂၀ ကာလအတွင်း ဒေသခံပြည်သူ ထောင်ပေါင်းများစွား အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး မြန်မာအစိုးရပြုလုပ်နေသော စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ စိတ်ရင်းစေတနာအပေါ် သံသယဖြစ်ပေါ်စေသည်ဟု အကဲခတ် လေ့လာသူအချို့က ထောက်ပြဝေဖန်သည်။ “တနင်္ဂနွေနေ့မနက် ၈ နာရီခန့်က လဂျားယန်ကို တိုက်ခိုက်ရာတွင် လက်နက်ကြီးများနှင့် ခြေလျင်တပ်များ ပါဝင်သည်” ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းလမ်ဒေါ ကပြောကြားသည်။ အမည်မဖော်လိုသူ ဒေသခံ သတင်းပေးတစ်ဦးက “တနင်္ဂနွေနေ့က အစိုးစရတပ်၏ တိုက်ခိုက်မှုများတွင် လိုင်ဇာအနီး ၅ မိုင် အကွာမှ ကေအိုင်အေ စခန်းတစ်ခုတိုက်ခိုက်ခံရကြောင်းနှင့် ဂျက်တိုက်လေယာဉ်များ ပျံဝဲကာခြောက်လှန့်ခဲ့သော်လည်း ဗုံးကြဲပစ်ခတ်မှုမရှိကြောင်း” အတည်ပြုပြောကြားသည်။ မြန်မာအစိုးရတပ်များသည် ပြီးခဲ့သောအပတ်က လိုင်ဇာလူနေရပ်ကွက်များဖက်သို့ အမြောက်ဖြင့် ဗရမ်းဗတာပစ်ခတ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က ပြစ်တင်ပြောဆိုခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံများကို နယ်စပ်တစ်ဖက်ရှိ မိုင်ဂျာယန်မြို့မှပင် ကြားနေရသည်ဟု ဒေသခံသတင်းရပ်ကွက်က ဆိုပါသည်။ ပိုမိုဖြောင့်မတ်ကောင်းမွန်သေ စိတ်ရင်းစေတနာ လိုအပ်နေ ကချင်ပြည်နယ်တစ်ခုလုံး အပစ်ရပ်စဲခြင်း (သို့) တိုက်ခိုက်မှု အကြီးအကျယ်လျှော့ချခြင်းအပါအဝင် အစိုးရဖက်မှ သိသာထင်ရှားသော စိတ်ရင်းစေတနာကို မပြသ၍ဆွေးနွေးပွဲများကို တက်ရောက်မည်မဟုတ်ဟု ကေအိုင်အေက သမ္မတထံစာပို့ထားကြောင်း ဂျိမ်းလမ်ဒေါ ကပြောကြားသည်။ “၁၉၉၄ ကတည်းက အပစ်ရပ်သဘောတူထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ အခု ဘာဖြစ်နေပြီလဲဆိုတာ မြင်တဲ့အတိုင်းပါပဲ။ သဘောတူညီချက်တွေကို ကျွန်တော်တို့ဖက်က မချိုးဖောက်ခဲ့ပါဘူး” ဟု ပြောကြားသော ဂျိမ်းလမ်ဒေါက ဦးသိန်းစိန် အစိုးရအာဏာရလာသည့် တိုင်အောင် ဗဟိုချုပ်ကိုင်မှုကျန်ရှိနေခြင်းကြောင့် ကေအိုင်အေက မယုံကြည်ခြင်းဖြစ်သည်ဟု ရှင်းလင်းတင်ပြသည်။ အစိုးရသည် လဂျားယန်တွင် ထိုးစစ်ဆင်ရပ်ဆိုင်းရုံသာမကပဲ ပြည်နယ်တစ်ခုလုံး တိုက်ခိုက်မှုလျှော့်ချ ဖို့လိုသည်ဟု ကေအိုင်အေ အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ ဂျိမ်းလမ်ဒေါက ဆက်လက်၍ “အစိုးရသည် သူပုန်စခန်းများကို နောက်ထပ်တိုက်ခိုက်ရန်အတွက် အပစ်ရပ်ဆိုင်းမှုကို အသုံးချကာ အချိန်ယူနေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အပါအဝင် နိုင်ငံတကာမှ သံတမန်ရေးဖိအားပေးမှုများကြောင့် တစ်စိတ်တစ်ပိုင်း အပစ်ရပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။” ဟု ဝေဖန်ပြောဆိုသည်။ လိုင်ဇာကို ဆက်လက်တိုက်ခိုက်နေသည်ဟူသော စွပ်စွဲချက်များကို အစိုးရက လတ်တလောတုန့်ပြန်ခြင်းမရှိသေးသော်လည်း ကချင်ပြည်နယ်တလွှားမှ အကြမ်းဖက်ဖျက်စီးမှုများအတွက် ကေအိုင်အေတွင် တာဝန်ရှိသည်ဟု ပြောဆိုခဲ့သည်။ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ကေအိုင်အေ အဖွဲ့သည် ဖားကန့်ဒေသ ကာမိုင်းရဲစခန်းကို စနေနေ့က တိုက်ခိုက်ခဲ့သည့်အပြင် ဗန်းမော်-လွယ်ဂျယ် ကားလမ်းကိုလည်း စနေနေ့ ကမိုင်းခွဲခဲ့ကြောင်း ” ပြစ်တင်ပြောဆိုထားသည်။ yangon chronicle

No comments:

Post a Comment