Wednesday 23 January 2013

သိန်း၆၀၀ ကျော် ငတက်ပြား

ရန်ကုန်မြို့တွင်းရှိ ဘဏ်များ ရှေ့တွင် စင်းလုံးငှား တက္ကစီအငှား ယာဉ်ဖြင့် ဘဏ်မှ ငွေထုတ်လာသူကို ယာဉ်စီး ခနှုန်း လျှော့ယူပြီး အုပ်စုဖွဲ့ လုယက်မှုများ ရှိနေကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်သူများသို့ သတင်းဂျာနယ် မီဒီယာများမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့သည့် နောက်ပိုင်းတွင် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၆ဝဝ ထုတ်ယူလာသူထံမှ စင်းလုံးငှားယာဉ် တက္ကစီဖြင့် လုယူထွက်ပြေးသူကို ဂျာနယ်ဖတ်သူ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ  ဇန်နဝါရီ ၂ဝ ရက်၊ နံနက်ပိုင်းက ပြစ်မှုကျူးလွန်သူ များကို ခရိုင် အထူးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုဖြစ်ပွားပုံမှာ ဇန်နဝါရီ ၇ ရက်၊ မွန်းလွဲ ၁ နာရီ အချိန်က သလာမွန် ပဲကုမ္ပဏီကိုယ်စားလှယ် ဦးအောင်ဇေယျ နှင့်အတူ သူငယ်ချင်း နှင်းမောင်မောင်တို့ ၂ ဦးသည် ကမာရွတ်မြို့နယ်(၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇ ဘဏ်မှ ကုမ္ပဏီ ပိုင်ငွေ သိန်း ၆၆၆ ကျပ်ကို ထုတ်ယူလာပြီး ဘဏ်အနီး ရပ်ထားသည့် ချယ်ရီဝက်ဂွန် အဝါရောင် အငှားယာဉ်အား ငွေကျပ် ၂ဝဝဝ ဖြင့် ငှားရမ်းစီးလာစဉ် ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီးသို့ ရောက်ရှိစဉ် ကားစက်ပျက်သွား သဖြင့် ယာဉ်ကို ဆင်းတွန်းပေးရာ အငှားယာဉ်မောင်းက ယာဉ်ကို မောင်နှင်ထွက်ပြေးသွားသဖြင့် ကမာရွတ်ရဲစခန်းသို့ တိုင်ကြားရာ (ပ)၈/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းဂျာနယ်မီဒီယာများမှ တစ်ဆင့် ပြည်သူများ အားဘဏ်တွင် ငွေထုတ်သူများကို အငှားယာဉ်ဖြင့် လုယက်မှုများ ဖြစ်ပေါ် လျက်ရှိနေကြောင်း ဖော်ပြခဲ့ပြီး နောက်ပိုင်း သတင်းဂျာနယ်ဖတ်သူ အမည်မဖော်လိုသူ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ခရိုင်အထူး တပ်ဖွဲ့ ရဲအုပ်မြင့်မော်နှင့် အဖွဲ့နှင့် ကမာရွတ်ရဲစခန်းမှ ရဲအုပ်အောင်မော်တို့ ပူးပေါင်းအဖွဲ့တို့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ တော်ဝင် အိမ်ရာအနီး စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အငှားယာဉ်မောင်း သိုးကိုကိုမောင် ၂၇ နှစ်၊ (ဘ)ဦးခင်မောင်အေး၏ သားကို ခြေရာခံမိကာ ယင်းနေထိုင်သည့် မ/၁၅၈ဝ၊ ဦးဉာဏ(၁)လမ်း ၊ (၄၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ အိမ်ကို စောင့်ကြည့် စုံစမ်းရာမှ ဇန်နဝါရီ ၂ဝ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ယင်းထပ်မံ ဝယ်ယူထားသည့် ၅င/၇၉၃၁ alphard ခဲရောင်ယာဉ်ဖြင့် ရောက်ရှိလာစဉ် သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ပြီး ယင်းထံမှ ငွေသားကျပ် ၁၅၆ သိန်း၊ ၉၇ သိန်းကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းစုစုပေါင်း အလေးချိန် ၁၃ ကျပ် ၇ ပဲ ၄ ရွေး၊ ၂၂သိန်းကျော် တန်ဖိုးရှိ ပရိဘောဂပစ္စည်းမျိုးစုံ၊ ၅င/၇၉၃၁ ခဲရောင် ဗူစ့မေိ ယာဉ် ၁ စီး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဝါရောင် မြန်မာ မီနီစလွန်း ၆ဂ/၆၁၈၆ တက္ကစီယာဉ် ၁ စီးတို့ကို သက်သေခံပစ္စည်း များအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သူ သိုးကိုကိုမောင်
ပြစ်မှု ကျူးလွန်သူ သိုးကိုကိုမောင်
ယင်း ထပ်မံ ဝယ်ယူထားသည့် ALPHARD ယာဉ် ခဲရောင်
ယင်း ထပ်မံ ဝယ်ယူထားသည့် ALPHARD ယာဉ် ခဲရောင်
ယင်း မောင်းနှင်ခဲ့သည့် ချယ်ရီဝက်ဂွန်း အငှားယာဉ်
ယင်း မောင်းနှင်ခဲ့သည့် ချယ်ရီဝက်ဂွန်း အငှားယာဉ်

No comments:

Post a Comment