Wednesday 23 January 2013

ကချင်စစ်ရပ်ဆိုင်းရေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုဟု စစ်ဘေးသင့်ပြည်သူအချို့ တောင်းဆို




ဓာတ်ပုံ AFP

မန်ဝိန်းကြီး၊
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး အမြန်ဆုံးရပ်ဆိုင်းရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပါဝင်ကူညီပေးစေလိုကြောင်း စစ်ဘေးကြောင့်တိမ်းရှောင်စခန်းများ၌ နေထိုင်ရသူအချို့က ပြောသည်။

 ”နှစ်ဖက်စလုံးကို ရပ်ပြီး ကျွန်မ အမြန်ဆုံး အိမ်ကိုပြန်ရောက်ချင် တယ်။ ဖေဖော်ဝါရီလမကုန်ခင် ပြန် ချင်ပါတယ်။ အဲဒီအတွက် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း တောင်း ဆိုပါ တယ်။ ဖုန်းနံပါတ်ပါရရင် တစ်ခါ တည်း ဆက်ပြီးပြောချင်ပါတယ်”ဟုတစ်နှစ်ကျော်ကြာ စစ်တိမ်းရှောင် စခန်းတွင်နေထိုင်ရသူ ကလေး ၇ ယောက်မိခင် ဒေါ်ရှီးေ ဒါင်းဘောက် ထွယ်က ပြောသည်။၎င်းနည်းတူ အသက် ၄ဝ အ ရွယ်
ဦးရိန်နော်မိုင်ကလည်း လက်ရှိ သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နှင့်အတူ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ပူးတွဲတာဝန် ယူ ဖြေရှင်းပေးစေလိုကြောင်း ဆို သည်။သို့ရာတွင် ၂ဝ၁၁ ခုနှစ်၊ ဇွန် လအတွင်းက ဖြစ်ပွားခဲ့ သည့် မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော်ကြား တိုက်ပွဲများအပါ အဝင် သေဆုံးမှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ် ဒေါ်အောင် ဆန်းစု ကြည်အနေဖြင့် တစ်စုံတစ်ရာ ပြတ်သားစွာပြောဆိုခြင်း မရှိသည့် အပေါ် ဘဝင်မကျသော ကချင်ပြည် နယ်ဒေသခံအချို့လည်း ရှိကြောင်း သိရသည်။”ဒီလိုပြောနေရုံနဲ့ မရပါဘူး။ ရေရှည်သာဒီလိုဆို  တိုင်းရင်းသားတွေ ကြားမှာလည်း သဘောထားကွဲလွဲမှု တွေဖြစ်လာပါလိမ့်မယ်”ဟု အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး က ပြော သည်။ စစ်ရှောင်စခန်းများတွင် နေထိုင်သူ အများစုသည် မိမိအရပ် ဒေသသို့ ပြန်ချင်လျက်ရှိကြပြီး ယင်း၏ အဓိကဖြစ်သော စစ်ပွဲများ ရပ်ဆိုင်းရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တောင်းဆိုပေးမှုကိုလိုလား လျက်ရှိကြောင်း သိရသည်။”အဆိုးရွားဆုံးမဖြစ်ဘဲ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါ စေလို့တောင်းဆိုပါတယ်”ဟု မန် ဝိန်း ကြီး စိန့်ပက်ထရစ် စစ်ရှောင်စခန်းနေ ဒေါ်ဇောင်းဆိုင်က ပြောသည်။ကချင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ် ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းေ ရှာင်ရသူ ဒုက္ခသည်စုစုပေါင်း တစ်သိန်းခွဲနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။ထို့အပြင် စစ်ဘေးဒုက္ခဒဏ်ကို အမျိုးသမီးနှင့် ကလေးငယ်များ ပိုမို ခံစားရခြင်းကြောင့် ငြိမ်း ချမ်းရေးဖြစ် စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန် လိုအပ်ကြောင်း၊ မန်ဝိန်းကြီးနှင့် မိုင်ဂျာယန်ရှိ စစ်ဘေးကြောင့် တိမ်း ရှောင်လာရသူများ နေထိုင်ရာစခန်း များသို့ သွားေ ရာက်၍ အလုပ်ရုံဆွေး နွေးပွဲပြုလုပ်ခဲ့သည့် ရသအိမ်မီဒီယာ အဖွဲ့(Creative Media Group) နှင့် ပေးပို့ခဲ့သည့် အသံဖိုင်တွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း   ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆို ပါဒေသရှိ တိမ်းရှောင်နေထိုင်ကြသူအမျိုးသမီးများအတွက် အဓိကထား၍ ၃ မိနစ်ကြာသော အမှာစကားကို ပြောကြား ခဲ့ခြင်းဖြစ်သည်။ ”အမျိုးသမီးအချင်းချင်း ညှိနှိုင်း ပြီးတော့၊ တိုင်ပင်ပြီးတော့ ဆွေးနွေး ပြီးတော့၊ ငြိမ်းချမ်းရေးလမ်းပေါ် ဘယ်လိုလျှောက်နိုင်မလဲ၊ ငြိမ်းချမ်း ရေးကို ဘယ် လိုဦးတည်နိုင်မလဲဆို တာကို အဖြေရှာကြရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှာ စကားတွင်ထည့်သွင်းပြောကြားခဲ့ သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ် စဉ်ထဲ တွင် အမျိုးသမီးများ ပါဝင်မှု လွန်စွာနည်းပါးခြင်းနှင့်ပါဝင်နိုင်ခွင့် နည်းပါးခြင်းကြောင့် ယင်းအချက် အား ပြုပြင်ရန် ဝိုင်းစဉ်းစားဖို့လို အပ်ကြောင်း အမျိုးသမီးများ အနေ   ဖြင့် စုစည်းမှုသည် အင်အားတစ်ရပ် ဆိုသည်ကိုသိရှိရန် လိုအပ်ကြောင်း ၄င်းက ဆိုသည်။ ”နောင်ကြီးလာမယ့် ကလေး တွေ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ် အောင် ငြိမ်းချမ်းရေး ချစ်မြတ်နိုးတတ် အောင် သင်ပေးရမှာ မိခင်များရဲ့တာ ဝန်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က တိမ်းရှောင်စခန်းရောက် မိခင်များနှင့် ပတ်သက်ပြီြးေ ပာကြားသည်။ သို့ရာတွင် ငြိမ်းချမ်းရေးဖြစ် ထွန်းရန် စစ်ဆိုသည်မှာ တစ်ဖက် တည်းရပ်တန့်၍မရဘဲ နှစ်ဦးနှစ်ဖက် ရပ်တန့်မှ ဖြစ်မည်ဖြစ်ကြောင်း၊ ရိုး သားသည့် ပြည်သူ များကြားတွင် လူမျိုးရေးခွဲခြားမှုများ ရှိနေပြီဖြစ် ကြောင်း မိန်ဝိန်းကြီးရှိ စိန့်ပက်ထရစ် ဘုရားကျောင်းဒုက္ခသည်စခန်း၌နေ ထိုင်ကာ စာရင်းကိုင်အဖြစ်ကူညီလုပ် ကိုင်ပေးေ နသူ အသက် ၂၂ နှစ် အ ရွယ်အမျိုးသမီးတစ်ဦးကပြောသည်။”ငြိမ်းချမ်းရေးဆု ရရှိထားသူ တစ်ယောက်အနေနဲ့ နှစ်ဖက်စလုံး  ကို ပြောစေချင်တယ်။ ဘာကြောင့် တိုက်ေ နတယ်ဆိုတာ မသိပေမယ့် မရိုးရှင်းဘူးဆိုတာတော့ အမှန်ပါ ပဲ”ဟု ၄င်းက ပြောသည်။

ဥာဏ်လင်းအောင်
popular myanmar Journal

No comments:

Post a Comment