Friday 4 January 2013

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုဂျင်မီနဲ့ဒါရိုက်တာဦးဝင်းဖေတို့၏ စင်္ကာပူစာပေဟောပြောပွဲ


ရသအလင်း မိတ်ဆွေများအားလုံး ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်မဟာ ၂၀၁၃ ဖြစ်ပါစေ....

ရသအလင်းအနေနဲ့ **လွတ်လပ်ခြင်းရဲ့ ရသ** ဆိုတဲ့ စာပေဟောပြောပွဲလေးတစ်ပွဲကို ဖောင်ဒေးရှင်းရန်ပုံငွေ အလို့ငှာ ( ၂၀/၁/၂၀၁၃)(တနင်္ဂနွေနေ့) စင်္ကာပူနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားရှိပါတယ်။

ဟောပြောပွဲကို
၁)ဆရာဦးဝင်းဖေ(စာရေးဆရာ၊ဒါရိုက်တာ)
၂)ကိုမင်းကိုနိုင်
၃)ကိုဂျင်မီ တိုနဲ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။

များပြားလှတဲ့ အလုပ်ကိစ္စတွေကို ခဏလေးရပ်ထားပြီး ရသအလင်းဖိတ်ကြားချက်ကို လက်ခံပေးတဲ့ ဆရာနဲ့ အကိုတော်များပေးနိုင်တဲ့ ရက်ကို အရအမိစီစဉ်ရတာမို့ လူ ၁၀၀၀ ပဲဆန့်တဲ့
Republic Of Polytechnic မှာ စီစဉ်လိုက်ရတာဖြစ်တဲ့ အတွက်
လက်မှတ်အချိန်မီဝယ်ယူခြင်းဖြင့် ဖောင်ဒေးရှင်းရန်ပုံငွေပါဝင်ထည့်ကြပါဦးလို့ လေးစားစွာ ဖိတ်ခေါ်အသိပေးအပ်ပါတယ်။

လက်မှတ်တွေကို တနင်္ဂနွေနေ့မှာ ရနံ့သစ်ဆိုင်ရှေ့နဲ့ မြနန်းနွယ်ဆိုင်ရှေ့မှာဝယ်ယူရရှိပြီဖြစ်ပါကြောင်း......

Date : 20th Jan'2013
Time : 1:00 pm to 8:pm
Address :
Agora Hall 1-2
Republic Of Polytechnic ,
(9 Woodlands Ave 9, Singapore 738964 )

Eain Dra(ရသအလင်း)

No comments:

Post a Comment