Tuesday 22 January 2013

ကချင်ငြိမ်းချမ်းရေး မြန်မာခရစ်ယာန်များကြေငြာချက်ထုတ်





ငြိမ်းချမ်းရေးရရှိရန် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ(၂၀) ရက်နေ့ပဲခူးခရီးစဉ်တွင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဒေသခံတို့အားပြောကြားခဲ့ကြောင်း The Myanma Age facebook စာမျက်နှာတွင် ဖော်ပြခဲ့အပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကတ်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(စီ၊ဘီ၊စီ၊အမ်)နှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် များကောင်စီ(အမ်၊စီ၊စီ)တို့၏ “ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသောပြည်တွင်းစစ်ကို ရပ်တန့်ကြရန် အတွက် ကြောငြာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မရှင်ရုံးအဖွဲ့သို့ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် များ ကောင်စီ၏ပြည်သူ့ဆက်ဆံရေးကော်မတီ လက်ထောက် တာဝန်ခံ မလဝန်းရွှေဝတ်ရည် မှပေးပို့ခဲ့သည်။

လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပို၍ပေးဆောင်ကြရန်နှင့် ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အကူအညီများအားတတ်အားသမျှ အကျိုးဆောင်ပေးရန် အသင့်ရှိကြောင်း (စီ၊ဘီ၊စီ၊အမ်)နှင့် (အမ်၊စီ၊စီ) တို့၏ကြေငြာချက်တွင်ဖော်ပြထားပါသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် များကောင်စီ၏ ပြည်သူဆက်ဆံရေးကော်မတီ လက်ထောက်တာဝန်ခံ မလဝန်းရွှေဝတ်ရည် (၀၉-၄၃၁၄၃၆၆၀)သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
 

No comments:

Post a Comment