Thursday 3 January 2013

ကျောက်မြောင်း၊ ဩဘာလမ်း စာပေဟောပြောပွဲတွင် ဇာဂနာ ပြောကြားသော "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်"



၂၁.၁၂.၂၀၁၂ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဩဘာလမ်း စာပေဟောပြောပွဲတွင် ဇာဂနာ ပြောကြားသော "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်"

အဖေ တစ်ယောက်နဲ့ ၅ နှစ်အရွယ် သားတစ်ယောက်လက်ဖက်ရည်ဆိုင်ထိုင်ပြီး သားက“ အဖေနိုင်ငံရေးဆိုတာဘာလဲ” ဆိုပြီးမေးတော့ အဖေက“ အဖေက တစ်အိမ်လုံးစားဖို့နေဖို့အတွက် ရှာရဖွေရဆိုတော့ အရင်းရှင်ပေါ့၊မင်းအမေက ရှာဖွေသမျှကို သိမ်းဆည်း၊ဘယ်နေရာမှာသုံးသင့်သလဲဆိုတာတွေးတော့ အစိုးရပေါ့၊သားက မင်းအမေပေးသမျှယူ၊ကျွေးသမျှစားတော့ ပြည်သူပေါ့၊အိမ်မှာခိုင်းတဲ့မမက ပိုက်ဆံယူပြီး အလုပ်လုပ်တော့ အလုပ်သမားပေါ့၊မင်းညီလေး(၂)နှစ်အရွယ်က ပုခက်ထဲမှာနေပြီး ဘာမှမသိသေးတဲ့ အနာဂတ်နိုင်ငံပေါ့” လို့ သားဖြစ်သူကို ရှင်းပြလိုက်တယ်၊၊



ညသန်းခေါင်ချိန်မှာ ၅ နှစ်အရွယ်သားက အိပ်ရာကနိုးပြီး ညီဖြစ်သူ ပုခက်မှာနေတာသွားကြည့်တော့ ညီဖြစ်သူက အီးတွေနဲ့ ပေရေပြီး လူးနေတာ မြင်တယ်၊၊၅ နှစ်အရွယ် သားက ဘာမှမလုပ်တတ်တော့ သူအမေကို သွားနိုးတာ ခူးခေါဆိုပြီးအိပ်ပျော်နေတယ်၊ဒါနဲ့ အဖေကိုလည်းမတွေ့ရ၊အောက်ထပ်ဆင်းလာတဲ့အခါ အခန်းတစ်ခုမှ အသံကြားတော့ သွားကြည့်မိတော့ သူ့အဖေနဲံ့အိမ်ဖော်မလေးက ကုတင်ပေါ်မှာပလူနေတယမြင်ရတယ်၊၊ဒါနဲ့သားက ခေါင်းကုတ်ပြီး ပြန်အိပ်လိုက်တယ်ဗျ၊၊

မနက်မိုးလင်းလက်ဖက်ရည်ဆိုင်ရောက်တော့ သားဖြစ်သူက “အဖေ သားနိုင်ငံရေးကို သဘောပေါက်သွားပြီး” လို့ပြောတော့ အဖေက အံ့သြပြီး ရှင်းပြပါအုံးဆိုပြီးမေးတော့

သားက“ အစိုးရက မသိချင်ယောင်ဆောင်နေ၊အရင်းရှင်နဲ့ အလုပ်သမားပလူးပလဲဖြစ်နေ၊အနာဂတ် နိုင်ငံက အီးတွေနဲ့လူးနေတာပဲ”လို့ပြောပြလိုက်တယ်၊၊

ဇာဂနာ

No comments:

Post a Comment