Saturday 5 January 2013

အမေ“စု´´ဖြေပေးပါ



January 5, 2013

ကျွန်တော်နှင့်တကွပြည်သူလူထုတစ် ရပ်လုံး၏ယုံကြည်လေးစားချစ်ခင်မြတ်နိုး တန်ဖိုးထားရပါသော အမေစုခင်ဗျား။ (ဒီိလိုစာသားမျိုးရေးသားရတာအင်မတန် မှကျက်သရေရှိလိုက်တာ)အမေရဲ့ပြည်သူများ အပေါ်ထားရှိသော စေတနာ၊မေတ္တာ၊ဂရု ဏာအားကြီးမားမှုတွေကို ချီးမွမ်း၊တင်စား ၍မကုန်နိုင်ပါအမေ။ နှစ်သစ်မှာ အမေစု ကျန်းမာ၊ချမ်းသာရုံတင်မက အမေရဲ့ နှလုံးလှသောအသက်ကလေး ရှည်နိုင်သ မျှရှည် ကျွန်တော်နှင့်တကွပြည်သူလူ

ထုတစ်ရပ်လုံး၏ရင်ထဲ နှလုံးသားထဲက အားကောင်းသောမေတ္တာ၊စေတနာအပြည့် နဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အမေ။(ပြည်သူလူထုတစ်ရပ်လုံးဆီက ဒီဆုတောင်းမျိုးရဖို့မလွယ်လိုက်တာ အမေရယ်၊အမှန်စင်စစ်ရထိုက်သူ သူဟာ ပြည်သူချခစ်သောအမေကလွဲလို့ ဘယ် တစ်ဦးတစ်ယောက်(သို့)တစ်စုကရမှာလဲ အမေ)။ ဒါပေမဲ့တချို့က မေတ္တာခံတယ် ဆိုတာလုပ်ယူလို့ရမယ်ထင်နေကြတယ် အမေ။ပြည်သူတွေရဲ့ အသိအမြင်တွေကို တော့ဘေးဖယ်ထားတယ်ထင်ပါရဲ့အမေ။ (ဖယ်သင့်တယ်ထင်တဲ့ဟာကို ပြောပါ တယ်)။ အရပ်စကားပြောရရင် မေတ္တာ ဆိုတာအလျားအနံဘယ်မသိပေမဲ့ အသွား အပြန်နဲ့ရောင်ပြန်ဟပ်မှုဆိုတာတော့ရှိပါ တယ်။ အမေစု သာသံဃာတွေကိုမျက် ရည်ယိုဗုံး(ခေါ်)မီးလောင်ဗုံးတွေနဲ့သာ ပစ်ခတ်ဖြိုခွဲမယ်ဆိုရင် ဒီိလိုလူထုမေတ္တာ ဘယ်ခံစားရမလဲနော်။(ဟုတ်တယ်နော် အမေ)။
စာရေးခွင့်ရတုန်းအမေကိုမေးရဦး မယ်။ သူတို့ပြောတဲ့ အရပ်သားအစိုးရ၊ အရပ်သားအစိုးရ ဆိုတာကို ကျွန်တော် တို့ပြည်သူတွေအနေနဲ့စိတ်နာသင့်သလား အမေ။ သူငယ်ချင်းတွေ၊မိတ်ဆွေတွေ ပြောတာတော့ အမေနဲ့အတူ ပြည်သူ တွေ၊သံဃာတွေ၊ကျောင်းသားတွေ အသက် သွေးချွေးပေးခဲ့သလိုသာ ဒီအခြေအနေ တွေပြောတာတော့ အမေနဲ့အဆို သား စဉ်မြေးဆက်တောင်အုပ်ချုပ်ဖို့ရှိသတဲ့ အမေ။ (အဲဒါဟုတ်လားအမေ)။နောက် ပြီးတော့ သူတို့ပြောတာရှိသေးတယ်။ သွားလေသူအချို့ရဲ့(အငြိမ်းစားယူသွား သူ)အမျှော်အမြင်ကြီးမှုကြောင့် ဒီမိုကရေ စီတံခါးကြီးပွင့်ပြီး၊ဒီမိုကရေစီရဲ့အသီးတွေ အပွင့်တွေ ခံစားနေရတယ်ဆိုတာ(အဲဒါ အမှန်လားအမေ)။ဘယ်လိုဟာကိုအသီး၊ ဘယ်လိုဟာကိုအပွင့်လို့ပြောတာလဲ အမေ။ (သူတို့စားနေတာကိုအသီး၊ပြည် သူတွေဒုက္ခရောက်ပြီးပွင့်ထွက်နေတာကို အပွင့်လို့ခေါ်ရမှာလားအမေ)။ ကျွန်တော့် ကိုဘယ်ပေါက်ဖော်ကမှ ဘွဲ့ထူးမပေး ထားတော့ မသိဘူးအမေ။ အသက်တာ ငယ်တယ်မျက်လုံးတွေနားတွေကမကောင်း တော့ မမေ့ဘဲမေးနေရတယ်အမေ။ဒီလို ဒီမိုကရေစီတံခါးကြီးပွင့်လာတာ အမေ နှလုံးသားတွေ တန်ဖိုးမဖြတ်နိုင်တဲ့အချိန် တွေ၊ပြည်သူတွေငတ်တစ်လှည့်ပြတ်တစ်လှည့် နဲ့ လက်သီးပုန်းထပြီး(လက်နက်မရှိလို့) အံကြိတ်ခဲ့ရတာတွေ၊သံဃာတော်တွေကို အတုအယောင်တွေနိုင်ငံရေးခုတုန်းသမား တွေဆိုပြီး ထောင်ထဲဆွဲထည့်တာတွေ၊ (အဲဒါတွေရော သမိုင်းမှာဘယ်လို ရေးရ မလဲအမေ)။
အခုလဲ ကြေးနီတောင်ကိစ်္စမှာ(အ ဖျက်သမားအချို့ ဘာသာရေးကိုခုတုန်း လုပ်ရုံသာမက နိုင်ငံရေးအရအမြတ်ထုတ် အသုံးချရန် စီမံချက်ချဆောင်ရွက်နေ)။(၈.၁၂.၂၀၁၂)ကြေးမုံသတင်းစာပါ အတိုင်း၊ဆိုတဲ့ ပြောကြားချက်တွေဟာ ဘယ်သူတွေကိုပြောတာလည်ုးအမေ။ဒီ လိုကိစ္စတွေဖြစ်လာတိုင်းမှာ ၁၉၆၂ခုနှစ် ကနေစပြီး ယခုအချိန်အထိ ဘယ်လို ပုဂ်္ဂိုလ်တွေက ဘယ်သူတွေကိုအသုံးချခဲ့ တာလဲအမေ။(အခုခေတ်မှာဒီလိုစကား တွေဟာတော်တော်ရယ်ရတယ်နော်အမေ၊ အရိပ်ကိုနင်းပြီးအခုထက်ထိတရားခံရှာ မတွေ့သေးဘူးနော်)။ ဒီကိစ္စမှာဘဲနောက် တစ်ခုရှိသေးတယ်။ နိုင်ငံရေးအသုံးချလူ တစ်စုက အခင်းဖြစ်နေရာမှာ သံဃာ တော်တွေကိုထားခဲ့ပြီးနီးရာရွာတွေထဲမှာ သွားရောက်ရှောင်နေတဲ့အတွက် သံဃာ တော်တွေမှာထိခိုက်ဒဏ်ရာများရရှိခဲ့ရပါ တယ်လို့ ကြီးတောင်ကြီးမားကြီးတွေနဲ့ (ရာထူးကြီးတာကိုပြောတာပါ)လျှောက် ပြောနေပြန်ပါတယ် အမေ။ အဲဒီအခင်း ဖြစ်နေရာမှာ သံဃာတော်တွေမဟုတ်ဘဲ တခြားလူတွေဆိုရင်တော့ သူတို့ရဲ့ ရည် ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တဲ့လုပ်ရပ်ဟာ မှန် တယ်လို့ပြောချင်တာလားအမေ။ လက်ရှိ မှာအမေကိုကော်မတီဥက္ကဋ္ဌတာဝန်(အခက် မသင့်ရင် လူမုန်းများပြီး အဝေဖန်ခံရမည့် နေရာ)ပေးထားတဲ့အတွက် ကျွန်တော်မ သိတာလေးတွေ လျှောက်မေးနေတာ အမေ နည်းနည်းသည်းခံပြီး ဖြေပေးပါ။ ဒီသည်းခံစိတ်လေးဟာအမေအတွက် မထူးဆန်းပါဘူးလေ။ကျောကုန်းမှာ အရိုး တွေပြည့်နေအောင် သူတို့တွေသင်ပေးခဲ့ ပြီးပြီလေ။ဟိုအရင်လက်ထက်တွေတုန်း က ဒီလိုမျိုးဆင်တူရိုးမားကိစ္စတွေ၊ ရွှေ ၀ါရောင်တော်လှန်ရေး ကိစ္စတွေမှာ ကိုင် တွယ်ဖြေရှင်းပြောဆိုပုံတွေကရော မြန်မာ ပြည်နိုင်ငံရေးလက်သုံးစကားတွေလား အမေ။
(၂၆.၁၁.၂၀၁၂)ရက်မှာ နိုင်ငံ တော်သမ်္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ ဆရာတော်များအားလျှောက်ထားချက် မှာ ကျွန်တော်တို့ကတရုတ်ကိုလည်း ကြောက်ရတယ်ဘုရား၊၁၉၈၈အရေးအခင်း ကာလတုန်းက ဆိုရင် တရုတ်တို့က ပစ္စည်းတွေသွင်းပေးလို့ ကျွန်တော်တို့ တွေအစဉ်ပြေခဲ့ရတဲ့ ကျေးဇူးတွေလဲရှိပါ တယ်။ (၂၇.၁၁.၂၀၁၂)ရက် ထုတ် ကြေးမုံသတင်းစာပါ အကြောင်းအရာ တွေဟာ ပြည်သူတွေကို တလွဲအရှိန် ကောင်းအောင်ဆွပေးနေတာလားအမေ။ (သူတို့ပြောဆိုလှည့်ပတ်နေကြအတိုင်း ပေါ့)။ဒီစကားလေးကြားတော့ မြစ်ဆုံစီမံ ကိန်းကိုပြေးပြီး သတိရမိသေးတယ်အမေ အဲဒီတုန်းကလဲ လျှပ်စစ်ဝန်ကြီးဦးဇော်မင်း က မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အား တွေပိုနေလို့ နိုင်ငံခြားကိုတောင်ရောင်း စားနေရပါတယ်ဆိုတော့အခုလိုမျိုး ကြေးနီစီမံကိန်းက သမ်္မတရုံးဝန်ကြီးပြော တဲ့စကားမျိုးနဲ့များ သဘောခြင်းတူနေမ လားလို့။ အမေစု နိုဝင်ဘာ(၂၉)ရက်မှာ ကြေးနီတောင်ကိုသွားဖို့ သတင်းထုတ်ပြန် ထားပေမဲ့၊(၂၈)ရက်ည (၂၉)ရက် နံနက် (၃)နာရီဝန်းကျင်လောက်မှာ သံဃာတော် တွေကို ဆေးပေါင်းခတဲ့မျက်ရည်များကျ အောင်ပြုလုပ်ခဲ့တာကိုလဲ ကျွန်တော်တို့ ခေါင်းထဲမှာရော အမြင်မှာပါ မရှင်းဘူး ဖြစ်နေတယ်အမေ။ အခုတော့ ကျွန်တော် နဲ့အတူပြည်သူတွေက မြန်မာပြည်ဒီမိုက ရေစီ်က(၅)နှစ်၊တစ်ကြိမ် ခေါင်းဆောင် ပြောင်းတဲ့ ဒီမိုကရေစီဘဲဖြစ်အောင်လုပ် ဇာတ်များသွင်းထားကြသလားလို့ထင်နေ ကြတယ် အမေ။(အဲဒီလို ပြောတာတောင် နည်းသေးတယ်လို့ပြောနေကြတာဘဲ)။
နားလေသူ ဗိုလ်ချုပ်မှူးကြီးနှင့် အငြိမ်းစားအရာရှိဟောင်း(၆၉)ဦးရဲ့ အိမ် ဖော်အကူ၊ထမင်းချက်နှင့်ဥယျဉ်လုပ်သား များအတွက်ထောက်ပံ့ကြေးပေးရန် တင် ပြတောင်းဆိုခြင်း၊ဂျာနယ်ပါဖော်ပြချက် သည် ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပြည်သူ တွေသိအောင် တောင်းဆိုသနည်း။သူတို့ မှာ တကယ်ပဲ အဲဒီလောက်ဒုက္ခရောက် နေလားအမေ။ (တကယ်မှန်ရင်တော့ မေတ္တာရဲ့အကျိုးပဲဖြစ်လိမ့်မယ်ထင်တယ် အမေ)။ရခိုင်အရေးကိုလည်းနောက်ကွယ် မှကြိုးကိုင်ဖန်တီးနေသူတွေရှိတယ်လို့ တကြော်ကြော်အော်နေတယ်အမေ။ (ရိုးရောရိုးရဲ့လားကွယ် မလွန်လွန်းဘူးလား လို့)။နေ့စွဲမှတ်တမ်းစာအုပ်မှာဖတ်ဖူးတာ တော့ ၁၆.၇.၈၈ရက် ပြည်မြို့ အစ္စ လာမ်ဘာသာနှင့်ဗုဒ်္ဓဘာသာအရေးကိစ္စ မှာစစ်ဘက်ဆိုင်ရာထောက်လှမ်းရေးမှ ပုဂ်္ဂိုလ်များပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရသည်ဟု ကျွန်တော်ဖတ်ဖူးတာ အမှန်ဘဲလားအမေ။ (ကျိန်းသေဟုတ်နေ တာကြီးကို)။ ရခိုင်အရေးကိစ်္စကိုလဲ ကာ တာနိုင်ငံအခြေစိုက် အယ်ဘ်ဂျာဇီးရာား (ALJARZIAR) ရုပ်သံလွှင့်ဌာနက(၈. ၁၂.၂၀၁၂မှ၁၂.၁၂.၂၀၁၂)ရက်ထိ အာရပ်၊အင်္ဂလိပ်နှစ်ဘာသာဖြင့် အချိန် ပိုင်းထုတ်လွှင့်ပြသမှုကို ပြင်းထန်စွာဆန့် ကျင်သတင်းစာများတွင်ထည့်သွင်းဖော်ပြ ပါတယ်အမေ။ကျွန်တော်မရှင်းတာက ရုပ်သံလွှင့်ဌာနက ဘာမှမပြရသေးဘူး သူတို့က ကြိုကန့်ကွက်တယ်ဆိုတော့ ကြိုညှိတာအစဉ်မပြေလို့နေမှာပေါ့နော် အမေ။(ဒါကဖြစ်နေကြတွေဘဲမဟုတ်လား အမေ)။
၁၉၈၅ခုနှစ်ဖိလိစ်ပိုင်မှာ စစ်အာ ဏာရှင်အစိုးရ မားကိုစ်အား ပြည်သူလူ ထု “မားကိုစ်ငြောင်း”၊ “မားကိုစ်ငြောင်း”ဟု အော်ဟစ်ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံ တွင်လဲ “မားကိုစ်ငြောင်း”၊“မားကိုစ်ငြောင်း” ဟူသောစကားရပ်လေးခေတ်စားလာခဲ့ ပြီး နိုင်ငံရေးအရှိန်အဟုန်များတိုးတက် ပြောင်းလဲလာခဲ့ကာ ယနေ့ခေတ်ကာလ အနေအထားထိရောက်ရှိလာခဲ့တယ်လို့ သိထားရတယ်အမေ။အဲဒါတွေစဉ်းစားမိ ရင် စိတ်ထဲမှာတစ်မျိုးကြီးဘဲခံစားရတယ် အမေ။ အမျိုးသားရေးစိတ်ဓာတ်ကြောင့် ဖြစ်မှာပေါ့နော်အမေ။ (အံကြိတ်ခံခဲ့ရတာ ကို ပြောတာပါ)။ နောက်ပြီးတော့ ပြည် တွင်းငြိမ်းချမ်းရေးဆိုတာ လူရော နတ်ပါ လိုလားနေတဲ့ကိစ္စပါ။ဘယ်လိုအခက်အခဲ တွေကြောင့် အစဉ်မပြေဖြစ်နေရတာလဲ အမေ။နောင်တစ်သက်လုံးစာအတွက် နိုင်ငံရေး အမြတ်ထုတ်နေတာလားအမေ။ (သဘောထားကြီးစွာနဲ့နှစ်ပေါင်းများစွာ ညှိနှိုင်းခဲ့တာဘဲဆိုပြီးတော့လေ)။ ပြည်သူ သာအမိ၊ပြည်သူသာအဖဆိုပြီး ပြောနေ ပြန်ပြီအမေ။ ကျောသတ်ပြီး အောက် နှိုက်ချင်လို့လားမသိဘူးနော်အမေ။ မေး တယ်ဆိုရင်တော့ မေးစရာတွေအများကြီး ပဲအမေရေ။ အခုလဲကြီးကြီးတွေရော သေးသေးတွေပါ မကျန်(ရာထူးပြောတာ ပါ)မြန်မာတပြည်လုံးကိုစီမံချက်သဘော ထားပြီး လှည့်ပတ်နေတာ၊ဟိုဟာတောင်း ရင်ပေး၊ဒီဟာတောင်းရင်ပေးနဲ့ သူတို့ကိုယ် ပိုင်ပစ္စည်းဆိုတာ ဘယ်ဟာကိုပြောတာ လဲအမေ။ (၂၀၁၅ နီးနေလို့လားအမေ)။ ပြီးတော့လည်း ဟိုကိစ္စ၊ဒီအခွန်ဘာညာနဲ့ သူတို့ဘဲ ပြန်ပြီးအမြတ်ထုတ်သွားကြတာ ဘဲမဟုတ်လားအမေ။
တစ်မျိုးသော နည်းလမ်းလေးတစ်ခု ကိုလဲ အမေကိုမေးရဦးမယ်အမေ။အခု လေဟိုတစ်စုက ဘာဘွဲ့ပေး ဒီတစ်စုက ဘာဆုပေးနဲ့ ဘာရောဂါတွေကို ကုစား နေတာလဲအမေ။အမေနဲ့များ (LABLE) တန်းတူလိုက်ညှိနေတာလား ဒါမှမဟုတ် ပြည်သူကိုလှည့်စားနေတာလားအမေ။ (ဖားတုလို့ခရုခုန်တော့ ဘာဖြစ်သလဲအမေ)။တစ်ခုလောက်အကြံဥာဏ်ပေးလိုက်ရရင် ကောင်းမလားအမေ။ ဆာဒန်ဟူစိန်တို့၊ ကဒါဖီတို့စီက လေ့လာထားတဲ့နိုင်ငံရေး နည်းတွေများရှိရင် သုံးကြည့်ပါလားလို့။ (ကျွန်တော်ဘာကိုပြောတယ်ဆိုတာ အမေ သိမှာပါ)။ အံ့သြစရာပြောရဦးမယ် အမေ ရေ။ဘဘအန်းကုန်းကြီးရဲ့ကိုကို ဗော်လ ကာတို့ကတောင် ဒီက နည်းနိဿယတွေ ကို တောင်အတုခိုးစံနမူနာယူပြီးအံ့သြ ဘနန်းဖြစ်နေရတယ်ဆိုပဲ။(မလိမ်တစ်ဖက် နည်းတွေဖြစ်မှာပေါ့နော်အမေ)။လှည့် နည်းပတ်နည်း၊လက်သန်းတစ်လုံးခြားနည်း တွေကိုများ တော်သတဲ့အမေရေ။
ဟိုတလောက ခရိုနီအကြီးစားတစ် ယောက်နဲ့စာနယ်ဇင်းသမားတစ်ဦးတို့တွေ့ တုန်းဗျူးလိုက်တာလေးအနည်းငယ်ပြော ချင်တယ်အမေ။ ကျွန်တော်ကငယ်ငယ် ကတည်းက တိုင်းပြည်အတွက် အသက် သွေးချွေးပေးဆပ်ချင်တာဆိုဘဲအမေရေ။ အဲဒီလိုအသက်သွေးချွေးပေးဆပ်မယ်လို့ ကြော်ငြာထားခဲ့တာ ကျွန်တော်တို့မြန်မာ ပြည်မှာ ဘယ်အဖွဲ့တွေရှိခဲ့လဲအမေ။(သူ တို့ဂျာနယ်လစ်တွေကို သိပ်မတွေ့ရဲဘူး အခမ်းအနား တစ်ခုမှာ ကြုံလို့တွေ့တာ)။ ဒီစကားရဲ့အရင်းမြစ်ကိုလိုက်တော့ သူရဲ့ လူသားမဆန်စွာချမ်းသာမှုတွေက ဒီလို ဒီပုံနဲ့ချမ်းသာလာတယ်ဆိုတာကို သိသာ စေတာပေါ့နော်အမေ။(သူမပြောလည်း ပြည်သူတွေသိပြီးသားဘဲ)။ကျွန်တော့်ရဲ့ ခရီးသွားဟန်လွဲနဲ့ကြားသိတာလေးအ နည်းငယ်ကို ပြောပါရစေအမေ။ ဦးဖြူ ဆိုသူက ဦးနီဆိုသူကိုပြောတယ်။မင်းသား လေးအရွယ်ရောက်ရင် တပ်မတော်ထဲကို သာဝင်ခိုင်းတဲ့၊နိုင်ငံရှိရင် တပ်မတော်ဆို တာရှိရမယ်။တပ်မတော်ရှိရင် တပ်မတော် ရဲ့ အခန်းကဏ္ဍဆိုတာရှိမှာပဲဆိုပြီး အ ရှုံးအမြတ်တွက်ပြီး ပြောနေကြတယ်အမေ။ ရှေးယခင်ကရောအဲဒီလို တွက်ပြီး တပ်မ တော်ထဲဝင်တဲ့လူရှိခဲ့လားအမေ။ (လုပ်ပိုင် ခွင့်ရှိမှ စိတ်ပြောင်းသွားတာလားအမေ)။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ရဲ့ ဖခင်(အမေစုရဲ့ချစ်လှစွာသောဖေဖေ) ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ အင်မတန်ကြည်ညိုဖို့ ကောင်းပါတယ်။(အခုရော အဲဒီလိုမျိုး ပဲလားအမေ)။
ပထမမြန်မာနိုင်ငံကို တည်ထောင် ခဲ့တဲ့ အနော်ရထာ၊ဒုတိယတည်ထောင် ခဲ့တဲ့ ဘုရင့်နောင်၊ တတိယတည်ထောင် ခဲ့တဲ့အလောင်းမင်းတရားကြီးတို့ဟာ တပ်မတော်ကိုဘဲအခိုင်အမာဖွဲ့စည်းတည် ထောင်ခဲ့ကြလို့ ကမ္ဘာအလယ်မှာ အရှိန် အ၀ါတွေနဲ့နေခဲ့ကြရတယ်ဆိုတာ သမိုင်း မှတ်တမ်ုးတွေမို့ငြင်းလို့မရဘူးလေ။(အဲဒီ တုန်းက အမျိုးချစ်ကြတာကိုးလို့ အမေပြော မလားအမေ)။ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရိကန်တွေဟာ ကိုလိုနီအလုပ်ကို လျော့ပြီးတော့ ခေတ်မီစစ်လက်နက်နှင့် အင်အားတောင့်တင်းသော တပ်မတော် ကိုအာုးကြိုးမာန်တက်ဖွဲကစည်းတည်ထောင် ခဲ့တော့ လက်ရှိကမ်္ဘာ့အင်အားကြီး စာ ရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာပေါ့။ ဒါပေမဲ့ သူတို့တပ်မတော်ကြည်း၊ရေ၊လေ ဖွဲစည်းပုံ၊တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်သမ်္မတ ရဲ့ အာဏာစသည့်အားလုံးတို့က ချိန်ခွင် နှင့်ချိန်ခွင်လျှာလိုပဲလေ။ စံချိန်စံညွှန်းတွေ ခိုင်မာတဲ့ ဦးတည်ချက်တွေနဲ့အဓိကအ ကြောင်းကတော့ ပြည်သူနဲ့တသားတည်း ဖြစ်နေတာတွေပါ။ (ဒီမှာနဲ့ဘယ်လိုကွာ လဲအမေ)။ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ ခေတ်တုန်းက လွတ်လပ်ရေးကြိုးပမ်း မှုအောင်မြင်ခဲ့တာတွေကို ဗိုလ်ချုပ်တို့ ဘက်ကချွင်းချက်မရှိ(သို့)ပြောစရာမရှိ အောင်ကြိုးစားခဲ့၊တော်ခဲ့ကြသလို တစ်ဖက် ကနယ်ချဲ့တွေကလဲ အခုခေတ်စကားနဲ့ ပြောရရင် ညစ်ပေါက်ကပ်ကြယ်တွေ မ ဟုတ်ကြလို့ဆိုပြီး ပြောနေကြတွေကရော အမှန်ဘဲလားအမေ။(ဘယ်အရာ၊ဘယ်လို လူတွေကို ညစ်ပေါက်ကပ်ကြယ်ခေါ်ရမ လဲ အမေ)။
အမေ နတ်မောက်ခရီးစဉ်သွားတုန်း က ပြောခဲ့တာလား။ကျွန်တော်မှတ်မိနေ သေးတယ် အမေ။ဥပဒေဆိုတာက တ ကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့အေးချမ်း သာယာမှုကို ထိန်းသိမ်းသွားဖို့၊စောင့် ရှောက်သွားဖို့ဖြစ်တယ်။ပြည်သူပြည်သား တွေကို နိုင်ထက်စီးနင်းလုပ်ဖို့မဟုတ်ပါ ဘူး။ ဒါကိုပြည်သူပြည်သားတွေအားလုံး နားလည်ရမယ်။တရားဥပဒေဆိုတာ ပြည် သူအားလုံးကို ကာကွယ်ဖို့၊စောင့်ရှောက် ဖို့၊ဟိုလူမပါ၊ဒီလူမပါဘူးပြောလို့မရပါဘူး။ အာဏာပိုင်အဖွဲ့အစည်းတွေကိုလဲ ကာ ကွယ်စောင့်ရှောက်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ အာဏာပိုင်အဖွဲ့အစည်းထဲမှာ ပါတဲ့ ပုဂ်္ဂိုလ်များကလဲ ဒီနိုင်ငံ၊ဒီပြည်သား တွေဖြစ်နေလို့ပါတဲ့။တရားဥပဒေ ဆိုတာ အားလုံးကို မျှမျှတတလုံခြုံမှု လွတ်လပ်မှု ပေးဖို့ရည်ရွယ်တယ်ဆိုတာ ကျွန်မပြည်သူ ပြည်သားတွေကိုသိစေချင်ပါတယ်လို့ ပြောခဲ့တယ်နော် အမေ။(အဲဒါကို သူတို့ ကဘာတွေ တွေဝေနေတာလဲ အမေ)။
အရင်ကလိုမမေးမစမ်းဘဲ ခဏလိုက် ခဲ့ပါဆိုပြီး ခေါ်သွားတာ နောက်ဆုံးတော့ ပုဒ်မတွေ၊ပုဒ်ထီးတွေ(ပုဒ်ထီးဆိုတာ မရှိ တဲ့ပုဒ်မ)တပ်ချင်တာတပ်ကာ နှစ်ကိုဆယ် နဲ့ချီပြီး ထောင်နန်းစံခိုင်းတာတွေ နောက် ရောဖြစ်ဦးမှာလည်း အမေ။ (မကောင်း မှုဆိုတာ စိတ်ကွယ်ရာမရှိသလို ၀ဋ်လဲ လည်တတ်တယ်နော် အမေ)။ ELEVEN စာစောင်ထဲမှာပါတဲ့ ကာတွန်းလေးကို သတိရမိတယ် အမေ။ယခင်တပ်မတော် အစိုးရလက်ထက်ကဖမ်းထားတဲ့ နိုင်ငံရေး သမားတွေကို ယခုအစိုးရဘာဖြစ်လို့အကုန် မလွှတ်သေးတာလဲမေးတော့ နောက် တစ်ယောက်က အတူတူဘဲဖြစ်လို့နေမှာ ပေါ့တဲ့။ အဲဒီလိုများ တကယ်ဖြစ်နေလား အမေ။ ပုလင်းတူဗူးစို့ဆိုတာ၊တစ်ကောင် ကျွေးနှစ်ကောင်စားဆိုတာ၊ဦးဆွေးဆံမြည့် အမှုတော်ထမ်းရွက်တယ် ဆိုတာတွေဟာ (စာအဖြစ်ရှိခဲ့တာလား၊အပြင်မှာရော တ ကယ်ရှိလားအမေ)။ စားမကုန်၊သောက်မ ကုန်၊သုံးမကုန်၊ဖြုန်းမကုန်၊ရှိတာတွေကို ကွန်တင်နာနဲ့သယ်ထုတ်ရင်တောင် နှစ်နဲ့ ချီ ကြာအောင်သယ်ထုတ်ရမဲ့ စည်းစိမ် ဥစ္စာတွေကိုစွန့်ပြီး ပြည်သူတွေကိုချစ်ဖို့ ဆိုတာ ဖြစ်နိုင်လားအမေ။ (ဒီလိုရအောင် ကျိန်စာအသင့်ခံပြီးလုပ်ရတာကို) ၎င်း စည်းစိမ်ဥစ္စာတွေကို ရေရှည်တည်တံ့ခိုင်မြဲ ဖို့ဆိုတာ အားလုံးကိုကြိုးနဲ့ဆွဲချည်ထား ရမှာပေါ့နော်အမေ တစ်ယောက်လောက် ချောက်ထဲပြုတ်ကျသွားရင် ကျန်တဲ့လူ တွေက ၀ိုင်းဆွဲထား၊ကျသွားတဲ့လူက အရှိန်များလို့ကျန်တဲ့လူတွေပါကျမဲ့အရေ မြင်ရင် ကျသွားတဲ့လူမှာ ချည်ထားတဲ့ကြိုး ကို ဓားနဲ့ခုတ်ဖြတ်လိုက်မှာပေါ့နော် အမေ။
ပညာရှိသတိဖြစ်ခဲမို့ သတိပေးရဦး မယ်အမေ။ ယုံလွယ်သူသာမှား၏ ဆိုတဲ့ ၀တ္ထုကိုရေးဖို့ ကလောင်ရှင်တွေ လက် သွေးနေကြပြီ အမေ။ ကျွန်တော်တို့ မြန်မာပြည်မှာ သာကူးတွေအရမ်းများ တယ် အမေ။တော်ကြာဟိုအဖွဲ့အစည်း၊ တော်ကြာဟိုပါတီ၊တော်ကြာလယ်သမား အရေး၊တော်ကြာအလုပ်သမားအရေးနဲ့ အကြောင်းပြပြီး နေရာယူ ဓားလှန်လုပ် ချင်ကြသူတွေ၊ကိုယ်ကျိုးရှာချင်တဲ့သူတွေ ထင်ပေါ်ချင်တဲ့သူတွေ၊အမေစု နာမည် တစ်လုံးကိုသုံးပြီးသပ်လျှိုသွေးခွဲချင်တဲ့လူ တွေ အဲဒီလူတွေဘယ်ကလာတာလဲ အမေ။ (ဒီဘ၀မျိုးရောက်တာတောင် မ မှတ်သေးတဲ့သူတွေ)။ တစ်ဦးတည်းသော တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းဟာ နိုင်ငံလွတ်လပ်ရေးရလိုမှု အာ ရုံတစ်ခုတည်းနဲ့ပျော်မွေ့နေတဲ့သူတော် ကောင်းကြီး သတိတစ်ချက်လက်လွတ် သွားတာနဲ့တိုင်းပြည်တစ်ခုလုံး၊အမျိုးသား ထုတစ်ရပ်လုံး၊ပြည်သူတစ်ရပ်လုံး ဘယ် လောက်နစ်နာခဲ့ရသလဲ အမေ။ ကျွန်တော် တို့ဘ၀တွေလည်း တစ်ခါပဲ အသေခံနိုင် တော့မယ် အမေ။ ကျွန်တော်တို့ရဲ့ သား သမီး၊မြေးမြစ်တွေလဲ ဒီမိုကရေစီရဲ့ရသာ ထူးကြီးကို ခံစားနိုင်ဖို့က အမေပေါ်မှာ အများကြီး သက်ရောက်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိနေတယ် အမေ။ (ဘယ်သူတွေကိုမယုံလိုလဲတော့ မသိဘူး နော်)။၂၀၁၂ကုန်လို့ ၂၀၁၃ဆိုတဲ့ နှစ်သစ် ကိုရောက်ခဲ့ပါပြီ။လောလောဆယ်တော့ အရင်ကလို ဟိုနေရာဗုံးပေါက်ဒီနေရာဗုံး ပေါက်တဲ့ အသံတွေ မကြားရပြန်တော့ဘူး။ အမေရေ။ (အဲဒါ ဘယ်လိုဖြစ်သွားတာလဲ အမေ နည်းနည်းတော့ထူးဆန်းသလိုပဲ၊ အဟိ)။နောင်တစ်သက်လုံး ထိုကဲ့သို့ငြိမ်း ချမ်းပါစေလို့ ဆုတောင်းရင်း။


The Hot News Weekly
မျိုးမြန်မာ(မအူပင်သား)

No comments:

Post a Comment