Thursday 6 December 2012

ဦးဇင်းလေးအတွက် ဂရုဏာ





ကျနော် ဒီမနက် ဂျပန်မှာရှိတဲ့  ဟိဖူက အရေးပြားဆေးရုံ သိုသွားရောက်ခဲ့ပါတယ်။ ဒီဓါတ်ပုံထဲက ဦးဇင်လေးအတွက်ပါ ။ အားလုံး မြင်တွေ့ ပြီးတဲ့ အတိုင်းဘဲလေ။ ကျနော် ဓါတ်ပုံထုတ်ပြခဲ့ပါတယ်။ ကျနော့်နဲ့ အမေးအဖြေ လုပ်ခဲ့ပါတယ်. ကျနော်ကိုခဏစောင့်ခိုင်းပါတယ် အခု ဆရာဝန်တွေ အစည်းအဝေးထိုင်တယ်
ကျနော်အကြာကြီးဘဲစောင့်ပေးရတယ်။ သူတို့ ကုပေးမယ်ပြောတယ်။ ဒါပေမယ့်ကျနော်ဂျပန်မှာနေတာဖြစ်တဲ့အတွက် ဂျပန်ကိုဘယ်လိုလာမလဲ သိချင်တယ်။ မြန်မာပြည်ကထွက်ခွင့်ရမလား သိလိုပါတယ်။
မြန်မာပြည်ကထွက်ခွင့်ရမရသိ
ချင်တယ်။

တစ်ခုပြောချင်ပါတယ်...
ဖြစ်နေတဲ့သူကိုကူညီတာကလွဲရင်ဘာမှကျနော်မသိဘူး။ ဒါကြိုပြောပြထားတာ ပါတကယ်လို့ ဂျပန်ရောက်မယ်ဆိုရင် (လိုအပ်ခဲ့ရင် ဦးဇင်းအတွက် အစစအရာရာ ကျနော့် တာဝန်ထားပါ။)
ဂျပန်ဆရာဝန်တွေက ကုပေးမယ်ဆိုပါတယ်။ ရောဂါကို ပြောပြပါတယ်။ ကုနိုင်တယ်လို့ ဆိုပါတယ်။ ဆရာဝန်များနှင့် ကျနော် ဓါတ်ပုံရိုက်ခွင့်မရခဲ့ပါ။ဆရာဝန်များက လူနာကိုခေါ်ပေးဖို့ ဆိုပါတယ်။ ဆရာဝန်များက လူနာကိုသွားမခေါ်ပါတဲ့ .လူနာကာသာ ဂျပန်ကိုလာကုသပါလို့ ဘဲကျနော့်အား ပြောကြားခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်စေဦးဇင်း ရောဂါအတွက် လတ်တလော နီးစပ်ရာကိုကျနော်လှူပါမယ်..တကယ်လို့ သာ ဂျပန်ကိုရောက်လာခဲ့ရင် ကျနော့်တာဝန်ထားပေးပါ.။

နောက်တစ်ခု စင်္ကာပူကို ဦးဇင်းသွားရောက်ကုခွင့်ရမယ်ဆိုရင်လဲ ကျနော့်အားဆက်သွယ်ပေးစေ့ချင်ပါတယ်. ကျနော့်မိတ်ဆွေ အထူးဆရာဝန်ကြီးကို ဆက်သွယ်ပေးပါမည်ဖြစ်ပါကြောင်း..



အားလုံးကိုမေတ္တာထား ချစ်သဒ္ဒါပွားလျက်

ကိုထွန်းဝေ ဂျပန်
4.12.2012
အင်္ဂါနေ့ မနက်

No comments:

Post a Comment