Thursday 6 December 2012

ရေအိမ်မသုံးနိုင်တဲ့ ကျောင်း ကလေး



 ရေရှားလို့ တခုတည်းသော အိမ်သာတောင် မသုံးနိုင်တဲ့ ကျောင်းကလေး၊ ဓာတ်ပုံ- မိတ္ထီလာ ဗကသ

တလောက မြန်မာ့ပညာရေး စနစ် အဆင့်အတန်းမြင့်လာဖို့ အမေရိကန် တက္ကသိုလ်ကြီးတွေနဲ့ ချိတ် ဆက်ပြီး ရန်ကုန်တက္ကသိုလ်ကိုလည်း အဆင့်မြှင့်ဖို့ဆိုတဲ့သတင်းတွေ ကြားခဲ့ရပါတယ်။

တကယ်ပဲ မြန်မာ့ပညာရေး အဆင့်မြှင့်တော့မယ်ဆိုရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံ ပညာ ကျောင်းတွေကအစ ပြုပြင်ကြရမှာပါ။ လိုအပ်ချက်တွေနဲ့ ကျောင်းတွေဟာ မြန်မာနိုင်ငံ နယ်စွန်၊ နယ်ဖျားတွေမှာ အများကြီးရှိပါတယ်။ ဒီလိုနယ်စွန်က ကျောင်းတွေဟာ အမေ့ခံ ကျောင်းတွေဖြစ်နေတာပါ။

ဥပမာအနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္တီလာ နယ်က မူလတန်း ကျောင်းကလေး တခုဆိုရင် ကျောင်း တခုလုံး အိမ်သာ ၁ လုံးပဲ ရှိပြီး အဲဒီ အိမ်သာကလည်း ရေရှားလို့ ကျောင်းသားတွေ အိမ်သာတောင် မသုံးနိုင် ဖြစ်နေပါတယ်။

အဲဒီကျောင်းလေးဟာ အစစ အရာရာ ဆင်းရဲချို့တဲ့တာကြောင့် မိတ္ထီလာက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သား သမဂ္ဂ ( ဗကသ) အဖွဲ့က သွားပြီး လှူဒါန်းမှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းကလေး ကလည်း လိုအပ်ချက်တွေ အများကြီးနဲ့ပါတဲ့။


  
" ကျောင်းမှရှိတဲ့ ဘယ်အခန်းကမှ လုံခြုံမှုမရှိဘူး။ အစိုးရက ချပေးလို့ ဆောက်ထားတဲ့ ၁ ခုတည်းသော အိမ်သာတော့ ရှိပါရဲ့ ရေရှားလို့ အိမ်သာကိုအသုံးပြုလို့ မရဘူး။ ဒီတော့ ကျောင်းသားတွေ အတွက် အိမ်သာသုံးလို့။ မရဘူး" လို့ ဗကသ တာဝန်ခံ တဦးဖြစ်တဲ့ ကိုခန့်အောင်က ဆိုပါတယ်။ 

ဒီကျောင်းလေးနဲ့ပတ်သက်ပြီး တည်နေရာနဲ့ လမ်းပမ်းခက်ခက်ပုံကိုလည်း သူက ပြောပြပါသေးတယ်။

 "ဒီကျောင်းမှာ က ကျောင်းသား၂၅၁ ယောက် ရှိပါတယ်။ ကျောင်းဆရာ ၇ ယောက်အားနဲ့ သင်ကြားနေ ပါတယ်။ တည်နေရာကတော့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့၊ အလယ်ရွာ တိုက် နယ်၊ ရေငံကျေးရွာမှ အမှတ် (၉၂) အခြေခံမူလတန်းကျောင်း။ မြို့နဲ့တော့ နီးပါတယ်၊ ဒါပေမယ့်  လမ်း အရမ်းကြီးဆိုး တယ် လှူဖို့ ပစ္စည်းတောင် ကားနဲ့သယ်မရဘူး ဆိုင်ကယ်နဲ့ တော်တော်မောင်း ယူရ တယ်။ ပြာချင်တာက လမ်းပန်းကအစ သွားရလာရခတ်ခဲတယ်" လို့ ဧရာဝတီကို ပြောပါတယ်။ 



ဒီလို သွားရေး လာရေး ခက်ခဲတဲ့ကျောင်းကလေးကိုမှ သူတို့က သွားပြီး လှူဒါန်းခဲ့တာပါ။ ဒါကိုလည်း သူက ဒီလို ကျောင်းမျိုးတွေကို လိုက်ပြီး လှူဒါန်းချင်ပါတယ်တဲ့။

"ကျွန်တော်တို့ ဗကသ အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ပါပါတယ်။ ဒီလို ကျောင်းတွေမှာ ကျောင်းသားအခွင့် အရေးကို ဆုံးရုံးလို့ ဆုံးရုံးနေမှန်း မသိတဲ့ ကျောင်းသားတွေ အများကြီးပါ။ ကျောင်းတွေလဲအများကြီးရှိပါတယ်။ ဒီကျောင်းကိုမှ မဟုတ်ပါဘူး။ နောက်ထပ်လဲ ကျောင်း 
တွေကို လိုက်ပြီးလူတန်းချင်ပါတယ်။ ဒီကျောင်းဟာ ကျွန်တော်ရဲ့ အစ လုပ်ငန်းပါ။ ကျွန်တော်တို့ အနေနဲ့ ဒီလိုကျောင်းမျိုးတွေလိုက်ပြီး လှူတန်းဖို့ ကြိုးစားနေပါတယ်" လို့ ကိုခန့်အောင်က ဧရာဝတီကို ပြောပါ တယ်။ 

သူတို့ဆန္ဒကတော့ နယ်တွေ၊ ရွာတွေမှာ ရှိနေကြတဲ့ အမေ့ခံ ကျောင်းတွေ တော်တော်များများဟာ မပြည့်စုံကြတာကြောင့် ကျောင်းသား အချင်းချင်း ကိုယ်ချင်းစာနာစိတ်နဲ့ ဖေးမကူညီမှုတွေ လုပ်သွားချင်ပြီး ဒီလို အမေ့ခံ ကျောင်းသားတွေလည်း မြန်မာပြည်တွင်းက တခြားကျောင်းတွေနဲ့တင် တန်းတူ ပညာ သင်ကြား ခွင့် ရရေး သာမက နိုင်ငံတကာ နဲ့ပါ တန်တူ ပညာသင်ကြားခွင့် ရရေးလည်းရဖို့ ကြိုး စား ဖြည့်ဆည်းသွားကြဖို့ ရှိတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

ဗကသ အနေနဲ့ ဒီကျောင်းလေးကို သွားလှူတော့ ကျောင်းတာဝန်ခံတွေအပေါ် အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို မဖြစ်စေဘူးလားလို့ သူ့ကို မေးလိုက်ရမှာ သူက ပြန်ဖြေတာက ရှင်းပါတယ်။

"လက်ရှိ အခြေအနေမှာတော့ ငြိုငြင်တာမျိုး မရှိသေးပါဘူး။ အာဏာပိုင်တွေဟာ ဒီကျောင်းကို တောင် တစ်နှစ်တစ်ခါတောင် လာရောက်စစ်ဆေးတာ လုံးဝမရှိပါဘူး' လို့ သူက ဖြေပါတယ်။

"စာသင်ခုံနဲ့ ကျောင်သားတွေ အတွက် ရေပါ။ သုတို့ သောက်နေရေဟာ မသန့် ရှင်းဘူး။  အရောင်ကအစ ဗွက်ရေ အတိုင်းပဲ" လို့ ဒီကျောင်းမှာ အလိုအပ်ဆုံး အရာကို သူက ပြောသွားပါတယ်။ 

မြန်မာနိုင်ငံ ပညာရေးနဲ့ပတ်သက်လို့ စဉ်းစားမိလိုက်တိုင်း ဒီလို ကျောင်းမျိုးတွေ ဘယ်လောက်များတောင် ရှိနေမယ်ဆိုတာ မတွေးဝံ့ပါ။ 


လှူဒါန်းမှုတချို့ကြောင့် အခုလို နည်းနည်း ပြောင်ပြောင်ရောင်ရောင် ဖြစ်လာတဲ့ သွပ်မိုးနဲ့ ကျောင်းကလေး ။  



No comments:

Post a Comment