Tuesday 25 December 2012

အဲပုဂံလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အစိုးရ ပြန်ကြားရေးဌာနမှ တရားဝင်ထုတ်ပြန်ချက်



အဲပုဂံလေကြောင်းခရီးစဉ်အမှတ် W9-011 လေယာဉ်အမှတ် XY-AGC ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ လေယာဉ်အမှုထမ်း ၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါတယ်။

ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်းဆင်းသက်ခဲ့တဲ့အတွက် လေယာဉ်အမြီးပိုင်းကျိုးပြီးမီးလောင်သွားခဲ့ပါတယ်။

မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ခရီးသည်များအနက် လေယာဉ်မှူး၊ တွဲဘက်လေယာဉ်မှူးနဲ့ နိုင်ငံခြား သား လေးဦးအပါအ၀င် ခရီးသည် ၉ ဦး ပေါင်း ၁၁ ဦးဒဏ်ာရာရရှိခဲ့ပါတယ်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။

လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ါပတယ်။

အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပါတယ်။

အသေးစိတ်အချက်အလက်များကို MRTV 4 , FMရေဒီယိုအစီအစဉ်များနဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်များကနေ ထုတ်ပြန်ကြေငြာပေးပါ့မယ် H

Burma-Newselite

No comments:

Post a Comment