Tuesday 25 December 2012

Air Bagan ပျက်ကျခဲ့သော (w9-011)မှ လေယာဉ်အပိုင်းအစ

အခု ဒါတွေလုပ်ဆောင်နေပါတယ်တဲ့..ဖတ်ကြည့်ပါ. ဖြစ်ရင်တော့ ခရီးသည်တွေက ခံရတာများပါတယ်။ အစိုးရက သေသေချာချာ ကိုင်တွယ်ပေးဖို့  ကုသပေးဖို့  လေးလေးစားစား တောင်းဆိုပါရစေ။

ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုးလေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားပါတယ်။

လေယာဉ်မှူးများအပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ယင်းအတွက် ဆေးရုံသို့ ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ခရီးသည် ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပြီး၊ ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ် သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။

Air Bagan စာမျက်နှာမှ ကူးယူဖော်ပြပါတယ်။

ဓါတ်ပုံ htoo

ယနေ့ နံနက်ပိုင်း တွင် ပျက်ကျခဲ့သော (w9-011) Air Bagan မှ လေယာဉ် အား မြင်တွေ့ ရပုံဖြစ်ပါတယ်။

No comments:

Post a Comment