Friday 7 December 2012

“ကျွန်တော့်ကိုယ်စားမေးပေးပါ”





လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့်

သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ်
သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းတာ
ကော်မရှင်မှာပါမည့်ပါသည့်ပုဂ္ဂိုလ်များဆန္ဒအရဟုတ်
မဟုတ်နှင့်ပြင်ဆင်ဖွဲ့ စည်းသည့်စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ
မူလ နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဝင် ၃၀ ဦး မှ
အဖွဲ့ဝင် ၁၄ဦးလျော့ချခြင်းသည်လျော့ချခံပုဂ္ဂိုလ်များ

ဆန္ဒသို့တည်းမဟုတ်ကော်မရှင်တွင်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ
ဆန္ဒသိုတည်းမဟုတ် နိုင်ငံတော်သမ္မတ၏ဒုတိယအတွေးဆန္ဒပေလားဟုသိလိုခဲ့ရာ........."အချက်တွေဖြုတ်ပယ်တာမဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပါ။ လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ ”ဟုကော်မရှင်ဥက္ကဋ္ဌက
ပြည်သူ့လွှတ်တော်ရဲ့ဥပဒေလုပ်ထုံးလုပ်နည်းနဲ့
အညီလုပ်ခြင်းဖြစ်ကြောင်းပြောကြားလိုက်ပြီး
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား
အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်ဆန္ဒသဘောထားဖေါ်ထုတ်မူ
နှင့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်း
များရှိရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာရခဲ့ရမူ့ ကြောင့်
လမ်းပေါ်ထွက်ဆန္ဒသဘောထားဖေါ်ထုတ်မူတို့ အပေါ်
စုံစမ်းစစ်ဆေးရေးကော်မရှင်၏သဘောထားမည်သို့ ရှိသည်”ကို
သိလိုစိတ်ရှိခဲ့သေးပြန်ရာ...
“မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။
ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။
ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"ဟုကော်မရှင်
ဥက္ကဋ္ဌကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပြီးဖြစ်သလို
အခြားသိလိုရာများကိုသိချင်နေပြန်သေးပါသော်လည်း
“လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခြင်းနှင့်ပတ်သက်၍ မိမိတို့ကော်မရှင်က သေချာစွာ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း၊ အားလုံးပြီးစီး၍ အဖြေရမှသာလျှင် သတင်းများထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့်
သတင်းထောက်များကို သီးခြားဖြေကြားမည်မဟုတ်ကြောင်း”
တင်ကြိုဖြေကြားလိုက်ပြီဖြစ်သည်။သို့ ပါသော်လည်း
စာနယ်ဇင်းသမားတစ်ဦးအနေနှင့်မဟုတ်သည့်တိုင်
ပြည်သူထဲကပြည်သူတစ်ဦးအနေဖြင့်သိလိုနေသေးသောမေးခွန်း
များစွာလိပ်ခဲတည်းလည်းရှိနေသေးသည့်အနက်မှအောက်ဖေါ်ပြပါမေးခွန်းနှစ်ခုကို"အစိုးရရဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်ဆိုရင်
မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်တယ်"လို့ ပြောကြားပါသော
ကော်မရှင်ဥက္ကဋ္ဌကျွန်တော်တို့ အမေ( ဒေါ်အောင်ဆန်းစုကြည်)
ကိုသာ“ကျွန်တော့်ကိုယ်စားမေးပေးပါ”လို့ မ၀ံ့မရဲ
မေတ္တာရပ်ခံလိုက်ချင်ပါတော့၏။

မေး။ ။(၁)“သတ္တ၀ါနှင့် လက်နက်မျှ၏မမျှ၏”

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများ
အား အကြမ်းဖက်ဖြိုခွဲခြင်းဟူ၍အကြမ်းဖက်ဟူသောအသုံးအနှုန်းရေး
သားပြောဆိုနေကြရလောက်အောင်ရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာရခဲ့
ရမူ့ နှင့်သပိတ်စခန်းတွင်းရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာရခဲ့ရသည်အထိ
အဓိကရုဏ်းနိုမ်နင်းခြင်းသည်သတ္တ၀ါနှင့် လက်နက်မျှ၏မမျှ၏အား
ပြည်ထောင်စုအစိုးရအစိုးရနှင့်ပြည်ထောင်စုလွှတ်တော်တို့ ၏သဘော
ထားအမြင်ယူဆချက်(အွန်လိုင်းစာမျက်နှာများပေါ်နှင့်ဂျာနယ်စာမျက်နှာ
များကပုံများကြည့်ရုံမျှနှင့်သဘောထားအမြင်စိတ်ခံစားရမူဖြေကြား
ထုတ်ဖေါ်ပြောကြဖို့ လုံလောက်မည်ထင်ပါ၏။အနာများအကျက်မြန်ဖို့ မှာ
ပဋိဇိဝဆေးများအစွမ်းထက်ဖို့ သာမကလူသားချင်းစာနာစိတ်မေတ္တာ
ဓါတ်ဆေစွမ်းထက်ဖို့ မှာလည်းအထူးအရေးပါလှပါ၍တိုက်တွန်း
သတိပေးမေးမြန်လိုခြင်းဖြစ်ပါ၏)”

မေး။ ။(၂)“ပစ်ခတ်ခြင်းရလဒ်ကပဋိပက္ခဒီရေကျ၏မကျ၏”

“စစ်ဖြစ်ပွားရာနိုင်ငံများ၌ပင်လျှင်၎င်းတို့ ကိုးကွယ်ရာဘာသာ
တို့ ၏အထွဋ်အမြတ်နေ့ ရက်တွင်အပစ်အခတ်ရပ်နားထား
တက်ကြသည်ဖြစ်၍ဗုဒ္ဒဘာသာတိုင်းပြည်လည်းဖြစ်ဘာသာပေါင်းစုံ
လွတ်လပ်စွာကိုးကွယ်ယုံကြည်မူပြုထားသောတိုင်းပြည်တွင်း
ဗုဒ္ဒဘာသာဝင်တို့ ၏ကောင်းမူကုသိုလ်များအထူးပြုလုပ်ကျင်းပ
သည့်အခါကြီးရက်ကြီးနေ့ ထူးနေ့ မြတ် အခါသမယလပြည့်နေတွင်
ပစ်ခတ်မူပြုသင့်၊မသင့်ကိုလက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲများ၏
ယူဆချက်(လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိသပိတ်စခန်း
များကိုနှိမ်နင်းမူသာမကလွန်ခဲ့သော၅နှစ်ကရွှေဝါရောင်သပိတ်နှိမ်
နင်းမူကိုလည်းရည်ညွှန်းလိုပါသော်လည်းယခုအခါအစိုးရအသစ်ပြောင်း
ခဲ့ပြီဟူသည့်ဒီမိုကရေစီနိုင်ငံတော်ခရီးလမ်းအပေါ်လေးစားပေးခြင်း
အားဖြင့်လတ်တလောကိစ္စကိုသာရည်ညွှန်းပါမည်။ထိုနည်းတူ
စီးပွားရေး၊လူမူရေးသက်သက်နိုင်ငံရေးမျိုးမဟုတ်ဘဲလူမျိုးရေး၊
ဘာသာရေးအသွင်ဆောင်သွားစေနိုင်မည့်ပဋိပက္ခများထပ်မံ
မဖေါ်ဆောင်နိုင်ရန်ကိုင်တွယ်မူမျိုးတွင်ဂူမြင်လျှက်ရှေ့ တိုးခြင်းမျိုး
လုပ်လေ့မရှိကြသည့်အဓိကရုဏ်နှိမ်နှင်းရေးတို့ ၏သဘာဝနှင့်၊
စစ်အုပ်ချုပ်ရေးမဟုတ်သောလုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့ 
အနေဖြင့်ကိုယ်တစ်ဖတ်ကမ်းခတ်အထူးသိရှိနားလည်တက်ကျွမ်း
သည့်ပညာရပ်တွင်ယခုကိုင်တွယ်ဖြေရှင်းမူပစ်ခတ်ခြင်းရလဒ်က
ပဋိပက္ခဒီရေကျ၏မကျ၏ကိုသုံးသပ်ကြမည်သာ။သို့ ပါ၍
ပေါ့စေလို၍ကြောင်ရုပ်ထိုးခြင်းကနေဆေးအတွက်
လေးရခြင်းမျိုးဝေဒနာနောင်အခါကင်းရလေအောင်မေးလိုခြင်းဖြစ်၏)”

ဟုတ်ကဲ့ ......စိတ်မရှိကြပါနဲ့ ..........ဒီမိုး၊ဒီရေ၊ဒီလူတွေနှင့်
ဒီမိုကရေစီရေစီးနောက်မလိုက်ဝံ့တော့သောစိတ်ဆန္ဒမပေါ်မီ
အချိန်မီရေးခြင်းဖြစ်ပါ၏။

ကိုမျိုး(မြန်မာစာ)

No comments:

Post a Comment