Thursday 13 December 2012

ဆုံးမစာများ

ဆုံးမစာများ
*******



ဝ မရှိဘဲနဲ့  ၀ိမလုပ်ပါနဲ့ 
ခေါ်တိုင်းလည်း မသွားနဲ့ 
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ့ 
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။
စာနာတတ်သူသည် ရိုင်းရိုင်းပြပြပြောခဲ၏။

ခရမ်းမြို့ နယ် ရွှေဘိုဆုကျေးရွာဆရာတော်ဘုရား၏ဆုံးမစာအား
မြန်မာနိုင်ငံတွင်မေတ္တာတရား ဖြူစင်ကြီးမားသူ နှစ်ဦး ဆရာတော်ဘုရား အရှင်ဆန္ဒိဓိကာ အမျိုးသားခေါင်းဆောင် မေမေစု ဓါတ်ပုံဖြင့် ထပ်ဆင့်ပြီး လက်လှမ်းမှီသလောက် ဖော်ပြအပ်ပါတယ်။
မေတ္တာတရားဖြင့်
ကိုထွန်းဝေ
14.12.2012
သောကြာနေ့ 

No comments:

Post a Comment