Friday 28 December 2012

ကချင်ပြည်မှာ ငရဲခွေးကြီး လွတ်နေသည်။


ဗမာတွေက ဗမာ စစ်တပ် လို့ ပြောလဲ မကြိုက် ဆိုတော့ ဗမာ စစ်တပ်ကို ဗမာ တွေတောင် မကြိုက်တော့ဘူး ဆိုတဲ့ သဘောပဲ။

ဒီတော့ နိုင်ငံ နဲ့ လူမျိုး နာမည် မရှိပဲ မြန်မာပြည်က ဘယ်လူမျိုးမှ အားမပေးပဲ ကချင်ပြည်မှာ လာပြီး တောင်းကျန်းနေတဲ့ မျိုးမစစ် အဖွဲ့ကို နာမည် ခင်ပွန်း သပ်ပေးလိုက်ရအောင်။

"ငရဲ ခွေးကြီး"

နာမည် မရှိတဲ့ လက်နက်ကိုင် တောင်းကျန်းသူအဖွဲ့ကို ဘာနာမည် သပ် ပေး မရလဲ လို့ စဉ်းစားလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အိုးဝေ မဂ္ဂဇင်း ပါ စာစု တခုကို သတိရလိုက်တယ်။

ငရဲ ခွေးကြီးလွတ်နေသည်၊ တဲ့။



သူတို့ဟာ သူတို့ တရားဝင်အဖြစ်ခံယူထားတဲ့ ငရဲခွေးကြီးအဖွဲ့ လုပ်ချင်ရာလုပ်၊ မြန်မာနိုင်ငံရဲ့ သယံဇာတ တွေကို ထုတ်ချင်တိုင်း ထုတ်ယူ ကိုယ်ပိုင် အိတ်ထောင်ထဲ ထည့်။

ကိုယ့်ဟာ ကိုယ် ပြည်သူတွေရဲ့ မိဘ လို့ ပြောလိုပြော၊ လုပ်ပိုင် ခွင့်အာဏာ ရှိသမျှ သိမ်းကျုံးယူထားပြီး လုပ်စားတာတောင် အားမရသေး.....

သူတို့ ရဲ့ စားကျွေးစားကျန် ထည့်ထားတဲ့ နိုင်ငံတော် ဘဏ္ဍထဲက ဘက်ဂျက် ၂၀ ရာခိုင်နှုန်းကို ဖြတ်ယူတာ အားမရသေး.....

လမ်းတံတား ရှိရှိသမျှ ဂိတ်ထိုးကောက်စားတာ အားမရသေး....

ရွာသူရွာသားများ မရှိမဲ့ ရှိမဲ့ ပစ္စည်းများကို လုယူ ဖျက်စီးတာ အားမရသေး....

မြင်မြင်သမျှ 'မ' မှန်သမျှ ခွေးပါ အလွတ်မထား တဲ့ မဒိမ်းမှု နဲ့ အားမရသေး....

အပြစ်မဲ့ ရွာသားတွေကို ပစ်မှတ်ထားလို့ ကချင်မှန်သမျှ ရန်သူလို သတ်မှတ်လို့ သတ်ဖြတ်နေတာ အားမရသေး.....

ကချင်ပြည်က ရှိရှိသမျှ လယ်မြေတွေကို သိမ်းပြီး ဗိုလ်ကြီး၊ ဗိုလ်မှူးပိုင်မြေ၊ မကျူးကျော်ရမြေတွေ လုပ်လိုက်တာ အားမရသေး....

အငြိမ်းစား ယူသွားတဲ့ သူတို့ရဲ့ ဘဘ ဆိုသူတွေကို လွတ်တော် ဆုံးဖြတ်ချက်မပါပဲ အငြိမ်းစား လစာ မဟုတ်တဲ့ ထောက်ပံ့ကြေး ဆိုပြီး ပေးထားတာ အားမရသေး....

အခိုင်းအစေ၊ ကိုယ်လုပ်တော်များကိုပါ နိုင်ငံတော်က လစာပေးရမယ် လို့ ဆိုထားပါတယ်။

သတ်ချင်ရာ သတ်၊ ဖြတ်ချင်ရာ ဖြတ်နေတဲ့ အဖွဲ့ကို ဗမာတွေက မလုပ်ခိုင်း ဘူး ဆိုရင်၊ ဘယ်လူမျိုးမှ လုပ်ခိုင်းဖို့ အမိန့်အာဏာ ရှိတာလဲ မဟုတ်ပါ။

ဗမာ တွေ ဒီ ငရဲခွေး အဖွဲ့ထဲမှာ မပါဘူး ဆိုရင် ဒီ ငရဲခွေးအဖွဲ့ကို အားပေးအားမြောက်လုပ်နေတဲ့ ဖေစ်ဘွတ် အကောင့် ပိုင်ရှင်များ၊ တိုင်းရင်းသား ပေါင်းစုံ နာမည်ယူထားတဲ့ အကောင့်များ၊ မျိုးမစစ်တွေပဲ ဖြစ်ပါလိမ့်မယ်။

ဒီတော့... ဒီ မျိုးမစစ်တဲ့ စစ်တပ်က ငရဲပြည်က လွတ်နေတဲ့ ခွေးကြီး ပဲပေါ့။

အမြန်ဆုံး ငရဲပြည်ကို ပြန် မောင်းထုတ်ရပါမယ်။ ဒါမှ ကချင်ပြည် ငြိမ်းချမ်းပါမည်။


မူရင်း ကချင်ဒူးဝါး

No comments:

Post a Comment