Monday 10 December 2012

မျိုးဆက်သစ် လူငယ်များ ဆန္ဒထုတ်ဖော်


  ဓာတ်ပုံ- မေစစ်ပိုင်/ဧရာဝတီ 

မေစစ်ပိုင် ~

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုကို တရားမျှတစွာဖြေရှင်းရန်နှင့် ယင်းကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြသူတို့ကို ဖမ်းဆီး ထိန်းသိမ်း ထားသူတို့အား အမြန်ဆုံးလွှတ်ပေးရန် အတွက် ယနေ့နံနက် ၁၀နာရီရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် မျိုးဆက်သစ်လူငယ်များအဖွဲ့မှ ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 



'' အင်အားသုံးအကြမ်းဖက်ဖြိုခွင်းတာက ဒီမိုကရေစီ အလေ့အကျင့်နှင့် ဆန့်ကျင်တဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ယူဆတယ် ၊ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မှာ ပြင်းထန်စွာကန့်ကွက်ရခြင်းဖြစ်ပါတယ်'' ဟု အဆိုပါဆန္ဒထုတ်ဖော်သူ မျိုးဆက်သစ် လူငယ်တဦး ကဧရာဝတီကို ပြောသည်။ 

No comments:

Post a Comment