Sunday 30 December 2012

ကျားတွေပြန်လာပြီ


ကျားတွေပြန်လာပြီ
**********
ထားထားမြင့် ( Burma Newselite)

ကမ္ဘာပေါ်မှာ ရှားပါးသားရဲ တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ WCS ခေါ် သားရဲ တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ကြီးက သတင်းကောင်းတပုဒ်ကို ဒီကနေ့ ကျေညာလိုက်ပါတယ် ။
ဒါကတော့သူတို့ ထိန်းသိမ်းစောင့်ေ၇ှာက်နေတဲ့ 
ဒေသတွေမှာကျားကောင်ရေ အရေအတွက် ပြန်လည်တိုးပွားလာတယ်ဆိုတဲ့ သတင်းပါ။ အထူးသဖြင့် WCS အဖွဲ့ ကြီးထိန်းသိမ်းစောင့်ရှောက်နေတဲ့  အိန္ဒိယနိုင်ငံ အနောက်ပိုင်း Ghats ဒေသ ထိုင်းနိုင်ငံ Huai Khan Khaneg ဒေသနဲ့ ရှရှနိုင်ငံ Ussuri ဘေးမဲ့ တောတို့ မှာ ကျားကောင်ရေတွေတိုးပွားလာတယ်လို့ ဆိုပါတယ်။

အခုလိုကျားကောင်ရေတွေ ပြန်လည်တိုးပွားလာတဲ့ အတွက် WCS နဲ့ ကမ္ဘာပေါ်က ကျားချစ်သူတွေအတွက် စိတ်ချမ်းသာစရာ သတင်းကောင်းပါ ။ဘာလို့ လဲဆိုတော့ လက်၇ှိကမ္ဘာပေါ်မှာ ကျားကောင်ရေ (၃၂၀၀) လောက်ပဲ ကျန်ပါတော့တယ်။
သစ်တောတွေပျက်စီးတာ အမဲလိုက်တာတွေနဲ့ ကျားရေခွံအတွက် သတ်ဖြတ်ကြတာကြောင့် ကမ္ဘာပေါ်မှာကောင်ရေ သောင်းချီရှိခဲ့ ဖူးတဲ့ 
ကျားတွေဟာ တဖြည်းဖြည်း မျိုးတုန်းလာခဲ့ပါတယ်။ ကျားတွေဟာ သန်မာရိုင်းတဲ့ အားကောင်းတဲ့ တောဘုရင်တွေဖြစ်ပေမယ့် မနုဿလူသားမုဆိုးတွေကိုတော့ ကျရှုံး အရှုံးပးနေရပါတယ်။

မြန်မာနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာကျားကောင်ရေ အများဆုံးရှိနေတဲ့ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ ကျားတွေဘယ်လောက်ပေါ်ခဲ့ သလဲဆိုတော့ ရှေးရာဇ၀င်တွေထဲမှာလည်း ကျားနဲ့ ပတ်သက်တဲ့ စာပေတွေ အထောက်အထား ရှိပါတယ်။ ၃၇ မင်းနတ်ရာဇ၀င်က နတ်ကျားတွေ ။ အထူးသဖြင့် မြန်မာနိုင်ငံနာဂဒေသက ထမံသီသမန်းကျား ပုံပြင်တွေကလည်း လှို့ ဝှက်ဆန်းကြယ်လှပါတယိ။ နာဂတောင်တန်းနဲ့ ထိစပ်နေတဲ့ အထက်ချင်းတွင်းဘက် ထမံသီအရပ်မှာ ရှိတဲ့ လူမျိုးတစုဟာ ဘိုးစဉ်ဘောင်စဉ် ကျားအဖြစ်ပြောင်းလဲနိုင်စွမ်း ရှိပြီး အမဲလိုက်လေ့ရှိကြတယ်လို့ ဆိုစကားတွေ၇ှိပါတယ်။ လူကနေ ထမံသီကျားအဖြစ် အမဲလိုက်သူကို အဖော်တွေက အကျီ အ၀တ်အစားတွေယူပြီး သစ်ပင်ပေါ်က စောင့်နေရပါတယ်။ ပြီးတော့ အဲဒိကျားကို အ၀တ်အစားတွေပြမှ ကျားက လူပြန်ဖြစ်တယ်လို့  ဆိုပါတယ်။ တခါတလေတော့အဲဒိသမန်းကျားတွေဟာ တောကောင်တွေကို အမဲလိုက်တာမဟုတ်ဘဲ ကျားစိတ်ဝင်နေချိန်မှာ ရန်သူတွေကို လည်း သတ်ဖြတ်လေ့ရှိတယ်လို့  ပြောကြပါတယ်.

ဘာဘဲပြောပြော လူလိုပြောင်းလဲတတ်တဲ့ သမန်းကျားရှိမ၇ှိ အတတ်မပြောနိုင်ပေမယ့်  ဒါတွေဟာ မြန်မာနိုင်ငံမှာကျားကောင်ရေ အတော်များများရှိတယ်ဆိုတဲ့ သာဓကတွေပါ။ စစ်ကြိုခေတ်ကလည်း ရွှေတိဂုံဘုရားကိုတောင်ကျားတက်ခဲ့ တယ်ဆိုတဲ့  သတင်းတွေအထင်အရှား ရှိခဲ့ရုံသာမက အဲဒိအကြောင်းကို သီချင်းစပ်ဆိုထားတဲ့  သီချင်းတောင်ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီအခြေအနေတွေဟာ ယုံတမ်းပုံပြင်လိုပါဘဲ။ WCSနဲ့ ကမ္ဘာပေါ်ကသားရဲတိရစ္ဆာန်ထိနိးသိမ်းရေးအဖွဲ့ တွေဟာ
မြန်မာနိုင်ငံက ကျန်ရှိနေသေးတဲ့ ကျားကောင်ရေ အကောင်ငါးဆယ်လောက်ကို ထိန်းသိမ်းဖို့ အသည်းအသန် ကြိုးစားနေရပါတယ်။

၂၀၀၄ ခုနှစ်မှာ ဟူးကောင်းတောင်ကြားက စတုရန်းမိုင် ၂၅၀၀ ရှိတဲ့ ဒေသကို ဘေးမဲ့ တောအဖြစ်စောင့်ရှောက်ပြီး ကျားကောင်ရေ ထိန်းသိမ်းဖို့ WCS အဖွဲ့ ကြီးနဲ့ မြန်မာ အစိုးရက ပူးပေါင်းဆောင်၇ွက်ခဲ့ ပါတယ်။
ဒါပေမဲ့  တရားမ၀င်အမဲလိုက်မှုတွေကြောင့် တခြားနိုင်ငံတွေလို သိသိသာသာ မအောင်မြင်သေးဘဲ ကျားကောင်ရေ နည်းနည်းလာနေတယ်လို့  WCS က ဆိုပါတယ်.

အဓိကအခက်အခဲတခုကတော့ ချမ်းသာဆင်းရဲ ကွာဟချက်ပြဿနာပါ။ အမေရိကန်နဲ့ ချမ်းသာတဲ့ နိုင်ငံတွေမှာ သမင် ဒရယ် ၀က်ဝံ ကျားခြင်္သေ့ စတဲ့  တောကောင်တွေကို အစားအစာ စီးပွားရေးအတွက် လူတွေက မသတ်ဖြတ်ဘဲ အလှကြည့်  ထားနိုင်ပေမယ့် မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့
ပြည်သူတွေဟာ တောတောင်တွေကို စားဝတ်နေရေးအတွက် မှီခိုနေရပါတယ်.။ သစ်ခုတ်တာ မီးသွေးဖုတ်တာ ၀ါးခုတ်မျှစ်ချိုး အမဲလိုက် စသည်ဖြင့်တောတောင်ကို အခြေပြူ အသက်မွေးနေရပါတယ်။ ဒါကြောင့် ဒေသခံတွေရဲ့ တောတောင်ကို မှီခိုနေရတဲ့ လူနေမှူဘ၀ကို မပြောင်းလဲနိုင်တော့ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေလည်း မထိရောက်နိုင်ပါဘူး ဒါတင်မက အစိုးရဘက်က လည်း သစ်တောတွေကို အလွန်အကျွံ ထုတ်လုပ်ရောင်းချနေမှု
တွေကြောင့်လည်း ကျားလိုတောကောင်အတွက် နေစရာ ဘုံပျောက်လာပါတယ်။

ဒါကြောင့် တခြားနိုင်ငံတွေမှာတော့ ထိန်းသိမ်းစောင့်ေ၇ှာက်မှု
တွေကြောင့် တောဘုရင်ကျားတွေ ကောင်ရေပြန်တိုးလာပေမယ့်
မြန်မာမြေပေါ်မှာ လှပတဲ့ ကျားတွေပြန်လာဖို့ ကတော့ အချိန်တခု လိုပါသေးတယ်။..........
( Photo Courtesy/ Michael Nichols)

No comments:

Post a Comment