Sunday 30 December 2012

လက်ပံတောင်း အကြမ်းဖက်ဖြိုခွဲမှု ၁ လပြည့် ဒေသခံများ ဆန္ဒပြ


 ဓာတ်ပုံများ၊ သက်ဆွေအေး / ဧရာဝတီ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးတဲ့နောက် ဆန္ဒပြ ဒေသခံများနဲ့ သံဃာတော်တွေ မီးလောင် ဒဏ်ရာ တွေ ရခဲ့ကြတာ ဒီကနေ့ ဆိုရင် ဒီဇင်ဘာလ ၂၉ ရက်နေ့ဟာ ၁ လ တင်းတင်းပြည့်မြောက်ခဲ့ပါတယ်။ 

ဒီလို တလ ကြာလာပေမယ့်လည်း ဖြိုခွဲခဲ့သူတွေကို တစုံတရာ ယခုထိ အရေးယူဖော်ထုတ်နိုင်ခြင်း မရှိသေး လို့ ယနေ့ ညနေပိုင်းမှာ လက်ပံတောင်း ကြေးနီစီမိံကန်း ရှိရာ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ဆိပ်ကမ်းမှာ အင်အား ၂၀၀ လောက်နဲ့ အခုလို ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ 







No comments:

Post a Comment