Friday 7 December 2012

လက်ပန်းတောင်တောင် အရေးနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ

လက်ပန်းတောင်တောင် အရေးနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ယနေ့ (ဒီဇင်ဘာလ ၆ရက်)နေ့လည် ၁၁နာရီ ၄၅မိနစ်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းသတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်၏ စုံစမ်းမှုများကို အခါအားလျှော်စွာ သတင်းထုတ်ပြန်ခြင်းမှ လွဲ၍ သတင်းထောက်များကို သီးခြားပြောဆိုမည် မဟုတ်ကြောင်း၊ သပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပတ်သက်၍ စုံစမ်းစစ်ဆေ

းပြီး အဖြေပေါ်မှသာ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ စီမံကိန်းကို သဘောတူညီချက် စာချုပ်ဖြင့် လုပ်ဆောင်နေသည်ကို နားလည်ထားရမည် ဖြစ်ကြောင်း၊ လူတိုင်း တရားဥပဒေ၏ အကျိုးခံစားပိုင်ခွင့် ရှိကြောင်းကို တည်ဆောက်နေသဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားပြီး နားလည်မှုနှင့် အားလုံး အဆင်ပြေအောင်လည်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

No comments:

Post a Comment