Monday, 17 December 2012

လူနာတွေ နဲ့ တတန်းတည်း နေတဲ့ ပြည်သူ့ ခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉နာရီ ၄၀
မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိလာပြီး လူနာဆောင်များ၊ အိမ်သာများ၊ ဆေးသိုလှောင်ခန်းများနှင့် ဆေးပေး ဆေးယူ ကိစ္စများကို ကြည့်ရှုစစ်ဆေးနေကြောင်းသိရသည်။ ပါမောက္ခဦးချစ်စိုး အခန်းသို့လည်း ၀င်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ဆေးရုံကြီး၏ လေ၀င်လေထွက် ကောင်းမကောင်း၊ သောက်ရေ သန့်ရှင်းမှုများကိုလည်း မေးမြန်းနေကြောင်း၊ လူနာဆောင် (၁၊၂) ။ လူနာဆောင် (၇၊၈) တို့အပြင် သွာ

းဆေးဘက်ဆိုင်ရာ အခန်း နှင့် တွေ့ဆုံ အားပေးခဲ့ ပြီး လူနာများအား ရင်းရင်း နှီးနှီးတွေ့ဆုံကာ အဆင်ပြေမှုများရှိမရှိ မေးမြန်းခဲ့သည်။

ထို့ပြင် ဆေးရုံ အတွင်းပိုင်းများ မှ ပြင်ဆင်ရန် လို အပ်ချက်များနှင့် လက်ရှိ လုပ်ဆောင်နေမှုများ ကို ဆေးရုံတာဝန်ရှိပဂ္ဂိုလ် များကလည်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဆေးရုံ ကြီးအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အစီအစဉ် ကြောင့် ဆေးရုံအတွင်း ကြိုတင် ပြင်ဆင်လုပ်ဆောင်ထားမှု မရှိကြောင်း လူနာများ၏ပြောပြချက်အရ သိရသည်။
News ဘာမားဗွီဂျေ











No comments:

Post a Comment