Friday 23 November 2012

Nang Khin Zay Yar ရဲ့ ရင်တွင်းစကား


အားလုံးပဲ မင်္ဂလာပါနေ့သစ်ပါရှင့်….

မင်္ဂလာရှိသော နေ့သစ်မှာ ညီမချစ်တဲ့ပရိတ်သတ်ကြီးကို မင်္ဂလာသတင်းလေး တစ်ခုပြောပြချင်ပါတယ်ရှင့်…..
နိုဝင်ဘာလ ၂၁ ရက်နေ့ဟာ ညီမ အနေနဲ့ဘယ်လိုမှ မေ့လို့မရနိုင်တော့တဲ့ အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ခဲ့ရပါ
တယ်။

ညီမရဲ့ လုပ်အားခနဲ့ မွန်မွန်မြတ်မြတ်လှုဒါန်းဖို့နေရာတစ်ခုကို ထပ်မံ ရွေးချယ်ရာမှာတော့ နာရေးကူညီမှုအသင်း ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။ လူမှုရေးလှုပ်ရှားမှုတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ညီမ အရမ်းအားကျခဲ့တဲ့၊ လေးစားတဲ့၊ လူတိုင်းက လေးစားရတဲ့ ဦးကျော်သူနဲ့လည်းအပြင်မှာ အရမ်းကိုတွေ့ချင်နေခဲ့ပါတယ်။
နာရေးကူညီမှုအသင်းကိုရောက်ရှိချိန်မှာတော့ ဦးကျော်သူဟာ ညီမကို နွေးထွေးပျူငှာစွာနဲ့ ကြိုဆိုခဲ့ပြီး ညီမလုံးဝထင်မှတ်မထားလောက်အောင်ကို စိတ်ရှည်လက်ရှည်နဲ့ အသင်းအကြောင်းတွေ၊ လုပ်ငန်းတွေဖြစ်တဲ့ နာရေးကူညီမှု၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်း စာကြည့်တိုက်၊ သုခအလင်းပညာဒါန၊ စသဖြင့် အားလုံးကို ညီမသိရအောင် အသေးစိတ်လိုက်လံရှင်းပြခဲ့ပါတယ်

ညီမအနေနဲ့လည်း အလှူငွေ နှစ်သိန်းကို လှူဒါန်းခဲ့ပြီး၊ နာရေးကူညီမှုအသင်းရဲ့ လုပ်ငန်းတွေမှာ တစ်လကို အနည်းဆုံးတစ်ကြိမ် ပါဝင်ကူညီအားဖြည့်ပေးဖို့သဘောတူခဲ့ပါတယ်ရှင့်...

ညီမရဲ့ အလှူအတွက် ပီတိဖြစ်ခဲ့ရသလိုပဲ၊ ညီမထင်မှတ်မထားလောက်အောင်ကို အံ့သြ၀မ်းသာဖြစ်ခဲ့ရတဲ့ စကားလေးတစ်ခွန်းကတော့ ညီမအထင်ကြီးလေးစားခဲ့ရတဲ့၊ ညီမရဲ့ စံပြသူရဲကောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးကျော်သူကိုယ်တိုင် ညီမကိုပြောပြခဲ့တဲ့ “ဦးလည်း သမီးအတွက် vote တွေအများကြီးပေးခဲ့တယ်၊ မသေချာမှာစိုးလို့တောင် အကုန်လုံးကို ခဏခဏကို ပေးခဲ့တာ” လို့ ပြောခဲ့တဲ့ စကားလေးပါပဲ….

No comments:

Post a Comment