Wednesday 14 November 2012

မိုးဟေကိုက ခင်ပွန်းဟောင်းရဲ့ ကြေညာချက်ကို တုံ့ပြန်


Tuesday, November 13, 2012 အိမ့်သံစဉ်

မိုးဟေကိုနှင့် ခင်ပွန်းဟောင်း ဦးညီညီထွန်း၊ ဓာတ်ပုံ- Myanmarcelebrity.com
နာမည်ကြီး မော်ဒယ် သရုပ်ဆောင် မိုးဟေကိုက လက်ရှိနေထိုင်နေတဲ့ သူ့အမည်နှင့်
နေအိမ်ဟာ ခင်ပွန်း သည်ဟောင်း ဦးညီညီထွန်း ၀ယ်ပေးခဲ့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က ခင်ပွန်းဟောင်းရဲ့အဆိုပါနေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပေးဖို့ သတင်းစာက တဆင့် တောင်းဆိုထား ပါတယ်။
ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ ရှေ့နေက လွန်ခဲ့သည့် လကုန်ပိုင်းက သူ့ အမည်ပေါက် နေ အိမ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

မိုးဟေကိုရဲ့ ရှေ့နေ ဦးမျိုးညွန့်က မအေးအေးခိုင်ရဲ့ ခင်ပွန်းသည်ဟောင်း ကိုညီညီထွန်း ရဲ့ ရှေ့နေ ဒေါ်ကျော့ကျော့်လှိုင်၏ ကြေညာချက်မှာ မှန်ကန်မှု မရှိလို့ ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆို ထားပါတယ်။

ဦးညီညီထွန်းရဲ့ ရှေ့နေက တဆင့် ကြေညာချက်မှာ ယခု မိုးဟေကို ခေါ် ဒေါ်အေးအေးခိုင် အမည်ပေါက်
ဖြင့် လက်ရှိနေထိုင်နေသည့် ဗဟန်း ရွှေတောင်ကြား ၂ ရပ်ကွက်၊ သံလွင် လမ်း၊ အမှတ် ၇၂ - ဘီ ခြံ ၀န်းနှင့် အဆိုပါခြံဝန်းနှင့် အဆိုပါခြံဝန်းရှိ နေအိမ်မှာ မိုးဟေကို၏ အမည်ဖြင့် ခင်ပွန်းသည်ဖြစ်သူ ဦးညီညီထွန်း က ၀ယ်ယူပေးခဲ့တယ်လို့ ဖော်ပြထားခဲ့တာပါ။




အခု ကြေညာချက်မှာတော့ မိုးဟေကိုရဲ့ ရှေ့နေက ဦးမျိုးညွှန့်က ဒေါ်အေးအေးခိုင်အား ဦးညီညီထွန်းက စင်ကာပူနိုင်ငံမှာ အိမ်ထောင်ရှိနေပါလျှက် လူပျို လူလွတ်လို့ လိမ်ညာ လှည့်ဖျား ပြောဆိုမှုအပေါ် မိုးဟေကို က ယုံကြည်ပြီး လက်ထပ်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ထပ်အပြီး တပတ်အကြာမှာပဲ ဦးညီညီထွန်း မှာ အိမ်ထောင်ကြီး ရှိတာ သိလို့ စကားများခဲ့ပါတယ်လို့ ဆိုထားပါတယ်။

စကားများကြပြီး ဆက်လက်မပေါင်းသင်းနိုင်တော့ပဲ ကွာရှင်းကြမယ်ဆိုပြီး ဦးညီညီထွန်း ကိုယ်တိုင် လင်ခန်းမယားခန်း ပြတ်ဆဲကြောင်း သဘောတူပြီးနောက် စင်ကာပူ နိုင်ငံကို ထွက်ခွာသွားခဲ့
ကြောင်း ကြေညာချက်မှာ ဆက်လက် ပြောဆိုထားပါတယ်။

ထို့ကြောင့် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ မိုးဟေကိုနဲ့ ဦးညီညီထွန်းတို့ဟာ လင်မယားခန်း ပြတ်ဆဲ ခဲ့ပြီဖြစ်တယ်လို့ ဆို ပါတယ်။

ဒါကြောင့် ယခု မိုးဟေကို နေထိုင်နေသည့် ဦးညီညီထွန်း ကန့်ကွက်ခဲ့သည့် ဗဟန်း ရွှေတောင်ကြား ၂ ရပ် ကွက်၊ သံလွင် လမ်း၊ အမှတ် ၇၂ - ဘီ ဆိုသည့် နေအိမ်မှာ ဦးညီညီထွန်း ၀ယ်ယူပေးခဲ့ခြင်း မဟုတ်
ကြောင်း၊ မိုးဟေကိုရဲ့ အနုပညာကြေး တွေစုဆောင်းပြီး ၀ယ်ယူထားတဲ့ နေအိမ်နဲ့ ခြံဝန်းဖြစ်တဲ့ အတွက် မိုးဟေကိုရဲ့ သဘောဆန္ဒအတိုင်း စီမံဆောင်ရွက်နိုင်တယ်လို့ လူအများသိအောင် ကြေညာတာဖြစ်တယ် လို့ ဆိုပါတယ်။

No comments:

Post a Comment