Wednesday 7 November 2012

နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ပြိုင်ကားလူသတ်မှုကိစ္စ အဓိကတရားခံ ၀န်မခံသေး



ပြီးခဲ့သည့်လ အောက်တိုဘာ ၂၃ ရက်နေ့ညသန်းခေါင်ယံအချိန် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့သော ပြိုင်ကားမောင်းလူငယ်တစ်စုနှင့် ဘိုးဘွားရိပ်

သာ သန့်ရှင်းရေးဝန်ထမ်းလူငယ်များ ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်သွားသော အမှုမှ အဓိကတရားခံမှာ အပြစ်ခံဝန်ချက်မပေးသေးကြောင်းသိရှိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ပြိုင်ကားမောင်းလူငယ်အုပ်စုမှသန့်ရှင်းရေးဝန်ထမ်းလူငယ်တစ်ဦးအားဝိုင်းဝန်းကန်ကျောက်ပြီး ရေအိုးစင်မှ ရေအိုးဖြင့် ခေါင်းရိုက်ခွဲခဲ့ပြီး အကြမ်းဖက်ခံရသောကြောင့် နောက်စေ့ကွဲသွေးထွက်ဒဏ်ရာ၊ ကျောက်ကပ်နှစ်လုံးစလုံးပျက်စီးစိမ့်ထွက်၊ အတွင်းဝမ်းခေါင်းအတွင်းသွေးသွန်မှုများဖြစ်ပေါ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားစဉ် ပြိုင်ကားလူငယ်အုပ်စုမှ လူငယ်များမှာ အမူးလွန်နေပြီး သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှာလည်း ဘီယာအနည်းငယ်သောက်သုံးထားကြောင်းကို သက်သေများမှထွက်ဆိုထားသည်။ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် အမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သော လူငယ် ၉ ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး အဓိကတရားခံဖြစ်သူ Nissan FairLady ကားပိုင်ရှင်ဖြစ်သူ အောင်ကောင်းခန့် (ခ) အောင်ကောင်း အသက် (၁၉)နှစ် (ဘ) ဗိုလ်မှူးကြီးဌေးအောင်(ငြိမ်း) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၃)သတ္တုတွင်းလုပ်ငန်း မှာ အပြစ်ရှိကြောင်း ၀န်မခံသေးဘဲ သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှ ၄င်းတို့အဖွဲ့ လူငယ် (၉) ယောက်အား ဂီတာဖြင့်စတင်ရိုက်နှက်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းကြောင်း အမှုဖွင့်လှစ်ပေးပါရန် ဗဟန်းရဲစခန်းတွင် တရားလိုပြုလုပ်တိုင်ကြားထားကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင်ပါဝင်သည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ တရားခံ အောင်ကောင်းခန့်၏ သမီးရည်းစားဖြစ်သူ အေးနန္ဒာကို (ခ) နန္ဒာ အသက်(၂၄)နှစ်အားလည်း ပထမရမန် ယူပြီး အချုပ်ထားရှိကြောင်း သတင်းရရှိပါသည်။

News by: People Development for Knowledge

No comments:

Post a Comment