Wednesday 7 November 2012

အုပ်ချုပ်ရေးကဏ္ဍ ၀န်ထမ်းအကြီးအကဲများ ပြည်သူ့အကျိုးပြုဆောင်ရွက်သော လွှတ်တော်အမတ်များကို အမြင်စောင်းနေ




တပ်ဟောင်း တပ်ဟောင်းချင်း အဆင်ပြေတယ်၊ ဒါပေမယ့် အတွေးသစ်အမြင်သစ်သမားတွေနဲ့ဆို အဆင်မပြေတော့ဘူး။ မာန်လေးတွေရှိလာတယ်။ ငါက ဗိုလ်မှူးကြီးဟောင်း

၊ ငါက ဗိုလ်မှူးချုပ်ဟောင်း၊ ဒင်းတို့က မနေ့တစ်နေ့ကမှ ထောင်ကလွတ် လွှတ်တော်ရောက်ပြီး ငါတို့ကို လာအုပ်ချုပ်လို့ မရဘူးဆိုတဲ့ အဆိုးမြင်အတွေးတွေ အများကြီးကျန်သေးတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် အချင်းချင်းငြိကုန်လိမ့်မယ်၊ ကောင်းတာကတော့ ညွှန်ချုပ် တို့ ဒုညွှန်ချုပ်တို့ စတဲ့ အဆင့်တူ အကြီးအကဲတွေ ကိုယ်တိုင် ဖိတ်ခေါ်ရမယ်။ ပညာယူမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေသွားမှာ။ ဒီလို မလုပ်နိုင်ဘူးဆိုကတည်းက သူတို့မှာ ဘာတွေ မဟုတ်တာလုပ်ထားပြီလဲလို့ ထင်စရာရှိလာပြီ။ ပေါ်ကုန်မှာစိုးလို့ ပေါင်းမလုပ်တာပဲဖြစ်ရမယ်။ အဲဒီနေရာတွေမှာ တပ်ငြိမ်းတွေပဲ ဆက်ထားမယ်ဆိုရင် အစိုးရရဲ့ နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို ပြန်စဉ်းစားရတော့မယ်။

လွှတ်တော်တစ်ရပ်ပေါင်းရှိ ကော်မရှင် ကော်မတီအသီးသီးရှိ ပြည်သူ့ အကြိုက် ဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များကို အုပ်ချုပ်ရေးဆိုင်ရာ အကြီးတန်းအရာရှိများက မဆိုင်သောကိစ္စများကို ၀င်ရောက်စွက်ဖက်နေသည်ဟု အမြင်စောင်းနေကြောင်း နေပြည်တော်ဝန်ထမ်းရပ်ကွက်မှ သိရှိရသည်။

ယခု တရားစီရင်ရေးကဏ္ဍအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြင်းထန်သော မှတ်ချက်များ ထွက်ပေါ်လြာ ခင်း၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးကော်မတီမှ ကော်မတီဝင်များ ရန်ကုန်မြို့ရှိ တရားရုံးများသို့ စစ်ဆေးကြည့်ရှုမှုများပြုလုပ်ပြီးနောက်ပိုင်း ဥပဒေပြုရေးမဏ္ဍိုင်ဘက်မှ အုပ်ချုပ်ရေးဘက်ကို စွက်ဖက်နေသည်ဟု ထင်မြင်ယူဆလာခြင်းဖြစ်ကြောင်းသိရှိရသည်။

ယခင်အစိုးရလက်ထက် ၀န်ကြီးရာထူးမှ အနားယူပြီးသော လွှတ်တော်အမတ်များ ဦးဆောင်သည့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကော်မရှင်များကို အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက အဆင်ပြေစွာ လိုလိုလားလားဆက်ဆံနေပြီး ယခုကဲ့သို့ ဆက်ဆံရေးနှစ်မျိုးဖြစ်နေသည်ကို တွေ့နေရကြောင်းကို " ပြည်သူလူထု အမှန်တကယ်လိုအပ်တဲ့ကိစ္စတွေ အုပ်ချုပ်ရေးပိုင်းက ပြည်သူတွေအပေါ်လစ်လျူရှုတာတွေကို အလုပ်လုပ်ပေးနေတဲ့ လွှတ်တော်အမတ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ၀န်ထမ်းအကြီးအကဲတွေက အစာမကြေတာတွေတွေ့လာရတယ်။ အဓိက အစာမကြေတဲ့သူတွေကတော့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်တို့ ဦးသိန်းညွန့်တို့ပေါ့။ နောက်ပြီး ဦးခိုင်မောင်ရည်တို့ ဦးအောင်ကိုးတို့လည်းပါတယ်။ ဥပဒေပြုအာဏာက အုပ်ချုပ်ရေးဘက်ကို ယိမ်းနေပြီလားလို့ ပြောနေကြတယ်။ အမတ်က လွှတ်တော်မှာပဲနေ အုပ်ချုပ်ရေးနဲ့မဆိုင်ဘူး။ မဏ္ဍိုင် ၃ ခုက သီးခြားစီရပ်တည်နေတယ်လို့ထင်နေကြတယ်။ အမှန်က ဒီလိုမဟုတ်ဘူး၊ တစ်ခုနဲ့ တစ်ခု အပြန်အလှန်အမှီသဟဲပြုနေကြတာ။ တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲတော့မယ်ဆိုရင် ကျန်တဲ့ နှစ်တိုင်က ၀င်ထောက်ပေးရမယ်၊ ဒါမှ အချင်းချင်း သဟဇာတဖြစ်ပြီး အမှီသဟဲဖြစ်နေမယ်။ အခုဟာက ဘယ်လိုဖြစနေလဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ဖြစ်မြောက်အောင်မဆောင်ရွက်နိုင်ဘူး။ သူများက ၀င်ကူတော့လည်း အပြစ်တင်နေသေးတယ်၊ ဒီလိုဖြစ်နေတာဟာ ကောင်းမွန်တဲ့လက္ခဏာတော့မဟုတ်ဘူး၊

တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲနေပြီလို့ ထောက်ပြတာကို မဟုတ်ဘူး အတင်းခံငြင်းနေတယ်၊ ရပ်ကွက်ထဲက ၃ နှစ်သားကလေးကို တရားသူကြီးလာဘ်မစားဘူးလို့ သွားပြောရင်တောင် ကလေးက ခေါင်းပြန်ခါပြလိမ့်မယ်။ ဘယ်သူ့မှ မယုံဘူး။ တရားသူကြီးတင် မဟုတ်ဘူး။ သက်ဆိုင်ရာ ဥပဒေအကျိုးဆောင်တွေ၊ ရဲတွေ၊ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့သူတွေ၊ အကောက်ခွန်၊ ပြည်တွင်းအခွန် ပြောရရင် ကျန်မှာတောင် မဟုတ်ဘူး။ နည်းနည်းနဲ့ များများပဲကွာတယ်။ ဒါကို သိသိရဲ့ကြီးနဲ့ မရှိပါဘူး၊ မဟုတ်ပါဘူး အတင်းငြင်းနေတာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတို့ ရဲ့ ပျော့ကွက်ပဲ၊

ဒါကို လွှတ်တော်အမတ်တစ်ချို့က အပင်ပန်းခံပြီး လုပ်ပေးနေတဲ့ဟာကို ပူးပေါင်းပြီး တွဲမခေါ်ပဲ အခုလိုအယူဆလွဲနေတာကတော့ သမ္မတကြီးရဲ့ ပေါ်လစီတွေ မိန့်ခွန်းတွေဟာ ကြားကောင်းယုံဖြစ်ပြီး အုပ်ချုပ်ရေးရဲ့ အောက်ခြေ၀န်ထမ်းတွေအထိ မထိရောက်ဘူးဆိုတာပြသနေတာပဲ။ ဒါပေမယ့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုကော်မရှင်တွေနဲ့ကတော့ အားလုံးလျောလျောရှူရှူပဲ၊ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက သက်ဆိုင်ရာဝန်ထမ်းအကြီးအကဲနေရာတွေရဲ့ ၈၀ % လောက်ဟာ စစ်တပ်က အငြိမ်းစားတွေဖြစ်နေလို့ပဲ။ တပ်ဟောင်း တပ်ဟောင်းချင်း အဆင်ပြေတယ်၊ ဒါပေမယ့် အတွေးသစ်အမြင်သစ်သမားတွေနဲ့ဆို အဆင်မပြေတော့ဘူး။ မာန်လေးတွေရှိလာတယ်။ ငါက ဗိုလ်မှူးကြီးဟောင်း၊ ငါက ဗိုလ်မှူးချုပ်ဟောင်း၊ ဒင်းတို့က မနေ့တစ်နေ့ကမှ ထောင်ကလွတ် လွှတ်တော်ရောက်ပြီး ငါတို့ကို လာအုပ်ချုပ်လို့ မရဘူးဆိုတဲ့ အဆိုးမြင်အတွေးတွေ အများကြီးကျန်သေးတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် အချင်းချင်းငြိကုန်လိမ့်မယ်၊ ကောင်းတာကတော့ ညွှန်ချုပ် တို့ ဒုညွှန်ချုပ်တို့ စတဲ့ အဆင့်တူ အကြီးအကဲတွေ ကိုယ်တိုင် ဖိတ်ခေါ်ရမယ်။ ပညာယူမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေသွားမှာ။ ဒီလို မလုပ်နိုင်ဘူးဆိုကတည်းက သူတို့မှာ ဘာတွေ မဟုတ်တာလုပ်ထားပြီလဲလို့ ထင်စရာရှိလာပြီ။ ပေါ်ကုန်မှာစိုးလို့ ပေါင်းမလုပ်တာပဲဖြစ်ရမယ်။ အဲဒီနေရာတွေမှာ တပ်ငြိမ်းတွေပဲ ဆက်ထားမယ်ဆိုရင် အစိုးရရဲ့ နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို ပြန်စဉ်းစားရတော့မယ်။

အခုလက်ရှိ ရာထူးတွေအတိုင်းသာ နောက်နှစ်တွေ နှစ်တွေမှာ ရာထူးတက်ကြည့် နောင်နှစ် နှစ်ဆယ် အရပ်သား ၀န်ထမ်းအကြီးအကဲ မတက်လာနိုင်ဘူး။ ဒီအချက်ကို ပြင်ဖို့လိုတယ်။ ဒီအချက်က ဘာကိုပြနေသလဲဆိုရင် စစ်တပ်မျိုးဆက်က အုပ်ချုပ်းရေးပိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားပြီး အရပ်သားဝန်ထမ်းတွေကို မယုံဘူးဆိုတာပြနေသလိုဖြစ်နေတယ်။" ဟု လေ့လာသူတစ်ဦးဖြစ်သူ ကိုမျိုးညီညီနဲ့ တွေ့ဆုံစဉ် ထောက်ပြဝေဖန်သွားပါတယ်။

interviewed by: People Development for Knowledge Answered by: Myo Nyi Nyi

No comments:

Post a Comment