Thursday 15 November 2012

မုဒိမ်းကျင့်လူသတ်မီးကွင်းပစ်မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ...



အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်
ကို နာမည်ကြီးသတင်းစာတစောင်ဖြစ်တဲ့  ( The Hindu ) နေ့ စဉ်ထုတ်သတင်းစာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူးပြုလူပ်ခဲ့ တယ် ။ အဲဒီတွေ့ ဆုံမေးမြန်းခန်းမှာ သတင်းစာက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ 
ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတွေနဲ့  မွတ်ဆလင်ကုလား လူမျိုးတွေရဲ့  ပဋိပက္ခဖြစ်ပျက်နေတာကို မေးမြန်းခဲ့ ပါတယ်- သတင်းစာ


သတင်းစာက ဒီဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိုး
ရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ကစိုးရိမ်ကြောင့်ကြတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်-
ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရားဥပဒေစိုးမိုးရေးဆိုတာကို ရှိစေရန် လိုတယ်ဆိုတဲ့ အကြောင်း လေးလေး
နက်နက်ပြောနေတာဖြစ်တယ် ။

ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့ 
လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ်
အခြေခံပြီး ဖြစ်လာလိမ့်မယ် ။

ဒါပေမဲ့  ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတော
ခဲ့ ကြဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ပြသနာက မဖြစ်လာသေးဘူးလေ ။

ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေးလိုတယ်ဆိုတာကို လေးလေးနက်နက်ပြောနေခဲ့ တာဖြစ်တယ် ။

တကယ်လို့ တရားဥပဒေစိုးမိုးရေးသာရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ 
ထိမ်းချုပ်မှုအောက်မှာထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။

ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့ 
စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ
မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာ မီးကွင်းတွေပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို
မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။

ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။
သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ
ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။

အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာ
ပြောနေတာက အဲဒီနေရာဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရ
မှာဖြစ်တယ် ။

ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေစိုးမိုးရေး ရှိနေဖို့ 
လိုတာပါဘဲ ။ သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်
ပါဝင်စေချင်တယ် ။

လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ ဘဲ ဖြစ်တယ် ။ ဒါ့အပြင်
ရခိုင်လူမျိုးတွေကို ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ကမ်း
ကုန်အောင် အလွန်အမင်း လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေ
ရှိနေတယ် ။

ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာ
ဖြေရှင်းပါ့နိုင်မလဲလို့  ထပ်မေးတော့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။

ပထမဦးစွာအနေနဲ့  နေရာဒေသတွေမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိဖို့ 
လိုအပ်နေပါတယ် ။ ကျမအနေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို
မုန်းတီးသူဖြစ်တယ် ။

ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ အခါက
အဲဒီနာမည်နဲ့  အစိုးရလုပ်ခဲ့ တာလေ။ သူတို့ က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်
ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။

ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုပြီး လိုလိုလားလား
ပြောရမယ်ဆိုရင် ဒီဟာကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့  ဒေါ်အောင်ဆန်းစုကြည်က
ဖြေကြားသွားပါတယ် ။

ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့  ခုလို ဖြေကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများအနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်းအရာလို့  ပြောရတော့မှာ မဟုတ်ပါလား ။

ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင်
ဖန်တီးခဲ့ တာလဲ ၊ လည်လှီး သတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။

ဒါကို ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံရဲ့  နာမည်ကြီးသတင်းစာတစောင်ကို
ဖြေကြားလိုက်တာဖြစ်ပါတယ် ။ ( အပြည့်အစုံကို အောက်က ၀ပ်ဆိုက်မှာ
ဖတ်ရှုနိုင်ပါတယ် )

http://www.thehindu.com/opinion/interview/lets-not-be-overoptimistic-about-burma/article4091223.ece?homepage=true

အောင်သာနီ

No comments:

Post a Comment