Tuesday 6 November 2012

ချစ်သူနှင့် လမ်းခွဲလိုက်သည့် လီယိုနာဒို ရဲ့  ဇာတ်လမ်း




ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုနှင့် ချစ်သူ မော်ဒယ်လ် အီရင် ဟီသာတွန်တို့ လမ်းခွဲလိုက်ပြီဟုသတင်းများ ထွက်ပေါ်လာခဲ့သည်။
လီယာနာဒိုနှင့် အီရင်တို့သည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလက ပထမဆံ
ုးအကြိမ် စတင် တွဲဖြစ်ခဲ့ကြသည်။ Titanic မင်းသားနှင့် အီရင်တို့၏ ဆက်ဆံရေးမှာ အခြေအနေ ကောင်းမွန်ခဲ့သော်လည်း တစ်နှစ်မပြည့်မီမှာပင် အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းဟု သိရှိရသည်။

အဓိကအားဖြင့် ကိုယ်ပိုင် အလုပ်အသီးသီးကို အာရုံစိုက်နေရခြင်းက ၎င်းတို့၏ ဆက်ဆံရေးကို အက်ကြောင်းထင်စေခဲ့ကြောင်း US Weeklyမဂ္ဂဇင်းက ဖော်ပြခဲ့သည်။
လီယိုနာဒိုတို့သည် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ် ကတည်းက လမ်း
ခွဲပြီးဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

"လွန်ခဲ့တဲ့ သီတင်းပတ် တချို့ကတည်းက လမ်းခွဲဖြစ်ခဲ့တာပါ။ ဆိုးဆိုးရွားရွား ဘာမှမဖြစ်ခဲ့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြသလို နားလည်း လည်ပေးကြပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက အမှန်တကယ် အလုပ်များကြသလို ရူးလောက်စရာ ကိစ္စတွေနဲ့ အချိန်ပေးနေရတာပါ။
ဒါက လမ်းခွဲရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ"ဟု လီယိုနာဒို၏ မိတ်ဆွေများက
ပြောကြားခဲ့သည်။ လက်ရှိတွင် လီယိုနာဒိုသည် The Wolf of Wall Street ဇာတ်ကားကို
နယူးယော့ခ်တွင် ရိုက်ကူးနေဆဲဖြစ်ကြောင်း သိရှိရသည်။

Plannet News မှ ဖော်ပြပေးပါတယ်
ကိုထွန်းဝေ


No comments:

Post a Comment