Tuesday 6 November 2012

တော်ဝင် သစ်စက်ရုံက အစာငတ်ခံဆန္ဒပြမှုနောက်ဆက်တွဲ


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာရှိ တော်ဝင် သစ်အချောထည်စက်ရုံတွင် ဆန္ဒပြနေသည့် အလုပ်သမများ (ဓာတ်ပုံ – Mg Ygn / Facebook)

တော်ဝင် သစ်အချောထည်စက်ရုံမှ အလုပ်သမား ၃၀၀ နီးပါးသည် အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက အလုပ်သမားရပိုင်ခွင့်များ တောင်းဆိုပြီး ဆန္ဒထုတ်ဖော်နေကြသည်မှာ ၁၀ ရက်ကျော် ရှိနေပါပြီ။ 

ထိုဆန္ဒပြသူများထဲမှာ ၁၀ ဦးမှာ ပြီးခဲ့သည့် ကြာသပတေးနေ့မှ စတင်ကာ ယနေ့အထိ အစာငတ်ခံ ဆန္ဒပြ 
နေပါတယ်။ 
အစာငတ်ခံဆန္ဒပြမှုကြောင့် ဆေးရုံကို ပို့ဆောင်ထားရသူများလည်း ရှိပြီး မကြာသေးခင်က စက်ရုံမှာ အမည်မသိလူတစုရဲ့ ထိန့်လှန့်ခြိမ်းခြောက်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ အလုပ်သမား ၂၀ ဟာ ထိခိုက်ဒဏ်ရာ ရပြီး ဆေးရုံကို ပို့ခဲ့ရပါသေးတယ်။ 


ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ရက်က ကြေညာချက် တစောင် လည်း ထုတ်ပြန်ထားပါတယ်။  
Labor Rights

No comments:

Post a Comment