Tuesday 6 November 2012

ရွှေမြန်မာ လေကြောင်းလိုင်းသစ် လာမယ်



 A 320 Air Bus အမျိုးအစား လေယာဉ်တစီး၊ ဓာတ်ပုံ- airbusmodelairplane.com 
 
မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု ပေါ်လာပါတော့မယ်။ လူတိုင်း လေယာဉ် စီးနိုင်ဖို့ အတွက် ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ်ဆန်း ဖေဖော်ဝါရီလက စတင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေနဲ့ ပြည်တွင်း- ပြည်ပကို ပြေးဆွဲပေးမှာဖြစ်ပါတယ်တဲ့။ 

A 320 Air Bus  လေယာဉ်တစင်းဟာလည်း လာမယ့် ဒီဇင်ဘာလ မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပါ တယ်တဲ့။ 

A 320 Air Bus တစီး၏ အတွင်းပိုင်းမြင်ကွင်း
 
သစ်ပြေးဆွဲမယ့် ရွှေမြန်မာ လေကြောင်းလိုင်းကို အများပိုင် ကုမ္ပဏီအဖြစ် ဖန်တီးသွားဖို့ ကျပ်သန်းပေါင်း ၁၀၀ ကို အစုရှယ်ယာအဖြစ်သတ်မှတ်ထားပြီး အစုရှယ်ယာ တစုလျှင် ကျပ်ငွေ ၁ သောင်းနှုန်းနဲ့ ရောင်းချဖို့ လည်း အစီအစဉ်ရှိပါတယ်လို့ အစိုးရ သတင်းစာတွေက ဆိုပါတယ်။ 


"မြန်မာပြည်သူအတွက် ရွှေမြန်မာ လာပြီဗျို့ လူတိုင်းလေယာဉ်စီကြစို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ စီစဉ်ဆောင် ရွက်နေတာဖြစ်ပါတယ်။

No comments:

Post a Comment