Thursday 22 November 2012

ကျက်သရေ အမေ




ပြည့်ကျက်သရေ
တက်နေမှာထွန်းတောက်
မျိုးဂုဏ်မောက်တဲ့ဒို့အမေ
သက်တော်ရာကျော်ရှည်ပါစေ။

နာရီသံ ကတချက်ချက်
ပြက္ခဒိန် တစ်ရွက်ပြီးတစ်ရွက်
ယော်ရွက်တွေ လိုလေ မှာဝဲ
မြန်မာ့မြေ က အမေ့ အောင်ပွဲ။

ရွှေဆု အမျိုးမျိုးနဲ့
လျှမ်းလျှမ်းတောက် ထောပနာပြု
ပြည်သူ့ ရင်မှာ အန်တီစု
စေတနာထက်တဲ့ဒီအမေ
တိုင်းပြည်အရေးရှာကြံနေ
ပြည်သူတွေက တကယ်အားထား
မြန်မာပြည်ရဲ့ ရတနာပါလား…။

ပြည်သူအားလုံးအဖော်ပြု
မြန်မာပြည်ကြီး က မေမေစု
မျက်နှာပေးကရွှေလိုဥ
အေးချမ်းမှုနဲ့ တိုင်းပြည်တည်
ပန်လိုလန်းနေသည်
ရွှေပြည်တော်အတွက်
အမြဲဆောင်ရွက်
့ရင်ထဲကဦးခိုက်လျက်…။
ခြေအစုံကို နဖူးတိုက်လို့ ဦးခိုက် ကန်တော့လိုက်ပါတယ်။
ကိုထွန်းဝေ
22.11.2012
ကြာသာပတေး

ဒီဇိုင်း ခွပ်ဒေါင်းအော်သံ

No comments:

Post a Comment