Sunday 25 November 2012

အမျိုးသမီးများအားအကြမ်းဖက်မှုရပ်တန့်စေရန် ရည်ရွယ်သည့် စီတန်းလမ်းလျှောက်ပွဲ



ရန်ကုန်၊နိုဝင်ဘာလ ၂၅။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး အတွက်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီအချိန်တွင် ငြိမ်းချမ်းရေးကွန်ယက်မှ ရန်ကုန်မြို့အတွင်း စီတန်း လှည့်လည်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါစီတန်းလမ်းလျှောက်မှုသည် ရန်ကုန်မြို့ မြို့တော်ခန်းမနံဘေးမှ ကန်တော်ကြီး သို့ပြည်သူလူထု အသိပညာပေး စီတန်းလှည့်လည်မှုကိုစတင်ခဲ့ခြင်းဖြစ်သည်။ပါဝင် သူဦးရေမှာ ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်းထပ်မံသိရသည်။ ယနေ့ နိုဝင်ဘာခ ၂၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်
အ ကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်ကြောင်း ငြိမ်းချမ်းရေးကွန်ယက်မှ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ "ဒါဟာဆန္ဒပြတာမဟုတ်ပါဘူး ပြည်သူလူထုအတွက် အသိပေးလမ်းလျှောက်ပွဲဖြစ်ပါ တယ်" ဟူ စီတန်းလှည့်လည်ရာတွင် ပါဝင်လှုပ်ရှားနေသော အမျိုးသမီးတစ်ဦးကပြော ကြားသည်။ အဆိုပါစီတန်းလမ်းလျှောက်မှုတွင်ပါဝင်သော မြောက်ဥက္ကဌမြို့နယ်တွင်းနေထိုင်သူတစ် ဦးက"အမျိုးသမီးတွေကအမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရရှိအောင်အတွက်ပါဝင် ပူးပေါင်းတာပါ"ဟုဆိုသည်။ 'photo News Suu Sha by The Myanma Age on Sunday, November 25, 2012 at 9:24am · စူးရှ












No comments:

Post a Comment