Friday 23 November 2012

နံနက်ခင်းအလှ



အရာရာတိုင်းကို အေးအေးလေးတွေးပြီး
ဖြေးဖြေးလေးရေးရင်း
အမေ့အတွက်ဒီနေရာလေးက
စာတွေရေးဖြစ်ခဲ့မိတယ်။


ပြည်သူအတွက်
ပေးဆပ်ခဲ့တဲ့အချိန်တွေ
စတေးခဲ့ရတဲ့နာရီတွေ
တထစ်ပြီးတထစ်
တရစ်ပြီးတရစ်
အသစ်အသစ်တွေတိုးလာခဲ့
ကောင်းကျိုးတွေက နီးလာခဲ့ပြီ။

နှစ်ဟောင်းရဲ့  ဖြစ်ပျက်တာတွေ
စစ်ဆေးလိုက်ရင်ဖြင့်
ဖြစ်မှုကများပျက်မှုကပေါ
ရင်ထဲမှာနာကျင်တာ ပြည်သူ့ အတွက်
အမျိုးအမျိုးကလိနေတာ ခံရခက်
ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး
နံနက်ခင်းရောင်နီဦးက
အောင်ပွဲတွေအတွက်ဆီးကြိုနေတာမို့ 
နီးသထက်နီးလာခဲ့ပြီင်္အမေ။

လောကကြီးကိုတည့်တည့်ပြောရရင်
ဒီအစိုးရဲ့ အတ္တသဘော
ပြောသမျှ အရာထင်တဲ့အမေစု
အောင်ပွဲတွေဆင့်ကာဆင့်ကာ
နံနက်ခင်းအလှတိုင်းရဲ့ ကောင်းကျိုးတွေ
ပြည်သူတွေနဲ့ အတူ
အောင်ပွဲတွေကပန်းဝင်ခဲ့ပြီပေါ့။


ဒီဇိုင်း ခွပ်ဒေါင်းအော်သံ
ကိုထွန်းဝေ
23.11.2012
သောကြာနေ့ ။

No comments:

Post a Comment