မားစ်ဂြိုဟ် မျက်နှာပြင်ပေါ် ရောက်ရှိနေပြီး
စူးစမ်း သုတေသနပြုမှုများ လုပ်ကိုင်နေသည့် ဂြိုဟ်ဆင်း ယာဉ်ငယ်လေး
Curiosityသည် ယခင်က မားစ်ဂြိုဟ်ပေါ်တွင် မတွေ့ရှိဖူးသေးသော ကျောက်တုံး
တစ်မျိုးကို တွေ့ရှိလာခဲ့သည်။
Jake Matijeivcဟု ချစ်စနိုးအမည် ပေးထားသေ
Jake Matijeivcဟု ချစ်စနိုးအမည် ပေးထားသေ
ာ
အဆိုပါ ကျောက်တုံးကို NASA၏ မောင်းသူမဲ့ ယာဉ်ငယ်တွင် တပ်ဆင်ထားသော
လေဆာရောင်ခြည်၊ X-Rayများဖြင့် သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။
အယ်လ်ကာလစ် ကျောက်တုံး အမျိုးအစား တစ်ခုဖြစ်ပြီး ယခင် ဂြိုဟ်ဆင်း လေ့လာရေး
ယာဉ်များက မဖော်ထုတ် မတွေ့ရှိခဲ့ဖူးချေ။ ကမ္ဘာပေါ်တွင် အဆိုပါ ကျောက်မျိုးကို
မြေကျွံချိုင့်ဝှမ်းများ၌ အဓိက တွေ့ရလေ့ရှိပြီး ဟာဝိုင်ယီ
ကျွန်းပေါ်တွင်လည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ဂြိုဟ်နီကြီးဟု
တင်စားခေါ်ဝေါ်လေ့ ရှိကြသော မားစ်ပေါ်တွင် လေ့လာမှုများ ဆက်လက် လုပ်ဆောင်နေပြီး
ယခုတွေ့ရှိသော ကျောက်တုံးသည် ဂြိုဟ်မျက်နှာပြင်အောက် (၅)မိုင်မျှ အကွာတွင်
စတင်ဖြစ်တည်လာသည့် မီးသင့်ကျောက် အပိုင်းအစ တစ်ခုအဖြစ် ခန့်မှန်း
မှတ်တမ်းတင်နိုင်ခဲ့သည်။
မူရင်းသတင်း-- Planet Myanmar Network
မူရင်းသတင်း-- Planet Myanmar Network

No comments:
Post a Comment