ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့(၄)ရပ်ကွက်ရှိ အသက် (၁၄)နှစ်အရွယ် မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ဝင်များကလူမဆန်စွာ ရိုက်နှက်စစ်ဆေးခဲ့သည့်အတွက် အောက်တို့ဘာလ(၁၀)ရက်နေ့တွင် ပဲခူးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။
မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူနေထိုင်ပြီး ပဲခူးမြို့ မဟာမြိုင်
လမ်းရှိ အဆွေတော်ကား/ဆိုင်ကယ် ရေဆေးဆီထိုး အလုပ်ရုံတွင်
အလုပ်လုပ်နေသောကလေးငယ်တစ်ဦးဖြစ်ပါသည်။ အောက်တိုဘာလ(၉)ရက်နေ့ ည(၁၀)နာရီခန့်တွင် မောင်မင်းထက်အောင်အား ငွေကျပ်
(၄၀၀၀၀၀)သိန်း ခိုးယူကြောင်း အလုပ်ရှင်၏ စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ်ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာ ရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။
ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည် အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပါသည်။
ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို
မောင်မင်းထက်အောင်မှခိုးယူခဲ့ခြ င်းမဟုတ်ပါ။ အလုပ်ရှင်မှ အထားမှားပြီး အမှုဖွင့်စွတ်စွဲခဲ့ခြင်းသာဖြစ်သ ည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အမှုပြန်ပိတ်လိုက်ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင် သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ပြောသလို ပိုက်ဆံခိုးခဲ့တာ မဟုတ်ပါဘူး၊
အဲဒီမှာအလုပ်လုပ်တာ (၁)လပဲရှိသေးတယ်။ အလုပ်ရှင်နာမည်တွေတောင် ခုအချိန်ထိမသိသေးဘူး၊ နံနက်(၈)နာရီခွဲအလုပ်ဝင်တယ်။ ညနေ(၅)နာရီ အိမ်ပြန်တယ်။
အဲဒါပုံမှန်ပဲ။ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်။ သားကဘာဖြစ်လို့လည်းမေးတော့ မင်းလုပ်တာမင်းသိမှာပေါ့ဆိုပြီး ရဲစခန်းကိုခေါ်သွားတယ်။ ရဲစခန်း
ရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ ရိုက်နှက်စစ်ဆေးတယ်။ လက်ကိုလက်ထိပ့်ခက်၊ ခြေထောက်ကိုဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်။
လူတကိုယ်လုံးတတ်နင်းပြီး လှိမ့်တာ။ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ရိုက်တယ်။ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်။ ရဲတွေက သားပါးစပ်ထဲကို အ၀တ်စုတ်ထိုးထဲ့တယ်။ လည်ချောင်းထဲအထိရောက်တယ် သားအသက်ရှုတောင်မ၀ဘူး။ သူတို့သားကိုစစ်တာ ည(၁၂)နာရီလောက်ကနေ မနက် (မိုးလင်း)အထိ စစ်တယ်။ နောက်နေ့ နေ့လည်(၂)နာရီမှာ အမေသားကိုလာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး။ ဆိုက္ကားနှင့်အိမ်ကိုပြန်လိုက်သွားရတယ်။ အိမ်ရောက်တော့ သားမသက်သာလို့ ဆေးရုံတက်ရသည့်အဖြစ်မျိုး ရောက်ရှိခဲ့ရပါသည်” ဟု ပြောကြားပါသည်။
သားဖြစ်သူ မောင်မင်းထက်အောင်အား လူမဆန်စွာရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိရောက်စွာ အရေးယူပေးရန် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးနှ င့် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်စာပေးပို့ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
သတင်း။ ကိုရှင်
အလုပ်လုပ်နေသောကလေးငယ်တစ်ဦးဖြစ
(၄၀၀၀၀၀)သိန်း ခိုးယူကြောင်း အလုပ်ရှင်၏ စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ်ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာ ရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။
ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည် အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ
ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို
မောင်မင်းထက်အောင်မှခိုးယူခဲ့ခြ
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင် သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ပြောသလို ပိုက်ဆံခိုးခဲ့တာ မဟုတ်ပါဘူး၊
အဲဒီမှာအလုပ်လုပ်တာ (၁)လပဲရှိသေးတယ်။ အလုပ်ရှင်နာမည်တွေတောင် ခုအချိန်ထိမသိသေးဘူး၊ နံနက်(၈)နာရီခွဲအလုပ်ဝင်တယ်။ ညနေ(၅)နာရီ အိမ်ပြန်တယ်။
အဲဒါပုံမှန်ပဲ။ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်။ သားကဘာဖြစ်လို့လည်းမေးတော့ မင်းလုပ်တာမင်းသိမှာပေါ့ဆိုပြီး
ရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ ရိုက်နှက်စစ်ဆေးတယ်။ လက်ကိုလက်ထိပ့်ခက်၊ ခြေထောက်ကိုဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်။
လူတကိုယ်လုံးတတ်နင်းပြီး လှိမ့်တာ။ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ရိုက်တယ်။ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်။ ရဲတွေက သားပါးစပ်ထဲကို အ၀တ်စုတ်ထိုးထဲ့တယ်။ လည်ချောင်းထဲအထိရောက်တယ် သားအသက်ရှုတောင်မ၀ဘူး။ သူတို့သားကိုစစ်တာ ည(၁၂)နာရီလောက်ကနေ မနက် (မိုးလင်း)အထိ စစ်တယ်။ နောက်နေ့ နေ့လည်(၂)နာရီမှာ အမေသားကိုလာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး။ ဆိုက္ကားနှင့်အိမ်ကိုပြန်လိုက်သွ
သားဖြစ်သူ မောင်မင်းထက်အောင်အား လူမဆန်စွာရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိရောက်စွာ အရေးယူပေးရန် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးနှ
သတင်း။ ကိုရှင်
No comments:
Post a Comment