Thursday, 11 October 2012

မြန်မာအာမခံမှ ရခိုင်ပဋိပက္ခမီးလောင်မှုကြောင့် ကျပ် ၅၇ သန်း ပေးလျောခဲ့



ရခိုင်ပဋိပက္ခကြောင့် မီးလောင်ပျက်စီးမှုများတွင် မီးအာမခံထားရှိသည့်မှာ အိမ်လေးအိမ်နှင့် ဆိုင်ခန်း ၂၆ခန်းသာ ရှိကြောင်း မြန်မာအာမခံလုပ်ငန်းမှ သိရသည်။

၎င်းအတွက် လျော်ကြေးငွေ ကျပ်( ၅၇.၉၁)သန်းကို ပေးချေပြီးဖြစ်ပြီး၊ အာမခံထားရှိသည့် ဆိုင်ခန်း ၂၆ခန်းမှာ စက်ရုံစုဈေးရှိ ဆိုင်ခန်းများဖြစ်ကာ အိမ်လေးလုံးမှာ မြ၀တီ၊ ကမ္ဘောဇနှင့် မြန်မာ့စီးပွားရေး

ဘဏ်များမှ ချေးငွေ ရယူထားသော အိမ်များဖြစ်ကြောင်း သိရသည်။
...
မေလက စတင်ခဲ့သောရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့်နေအိမ် ၁၂၉၉ လုံးမီးလောင်ကျွမ်း ခဲ့သည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက ဇွန်လလည်ခန့် တွင် ထုတ်ပြန် ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မီးအာမခံနှင့် တွဲဖက်၍ အဓိကကရုဏ်းနှင့် မသမာရှို့မီး အာမခံ အကာအကွယ်ရယူသည့်အမျိုး အစား အာမခံထားရှိသည့်ငွေ ၆၂.၉၂ သန်း ရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် ရခိုင်ဒေသ သည်မီးအာမခံနှင့်ရေကြောင်းပို့ကုန် အာမခံများသာ အများဆုံးထား ရှိကြောင်း သိရ သည်။ နယ်ဒေသများအနေဖြင့် အာမခံ အများဆုံးထားရှိသည့်ဒေသ မှာ မန္တလေးတိုင်းဒေ သကြီးဖြစ်ကြောင်း မြန်မာ အာမခံလုပ်ငန်းမှ သိရသည်။
မိုးငယ်.

မူရင်းသတင်း--Popular Myanmar News Journal

No comments:

Post a Comment