ကိုယ့်မြေ ကိုယ့်ယာ ကို ဒိလိုပဲ လာသိမ်းရင်ဘယ်သူကကျေနပ်နိုင်မလဲ။
လက်ပန်းတောင်းဆည်တဲရွာမှာရွာသူ ၃ဦးကို ရဲများကရိုက်နှက်
အဆောက်အဦးဆောက်တာကို တားဆီးနေကြပုံဆည်တဲရွာ က ၂၇-၁၀-၁၂ မြင်ကွင်း
လက်ပန်းတောင်းဆည်တဲရွာက ကိုကျော်နိုင်ပိုင်တဲ့လယ်မြေမှာ စိမံကိန်းက နေကြေးနီသန့်စင်တဲ့စက်ရုံလာဆောက်တဲ့အတွက် လယ်သမားတွေက တားဆီးခဲ့ပြိး တရုပ်လူမျိုးဆောက်လုပ်ရေးဝန်ထမ်းတဦးကို ဦးပိုင်ကုမ္မဏီကိုခေါ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
ဝန်ထမ်းနဲ့စကားပြန်က ဖုန်းမပါဘူးဆိုတာကြောင့် ရွာသားတွေက သူတိုဖုန်းနဲ့ဆက်သွယ်ခိုင်းတဲ့အခါ ဆက်မသွယ်ပေးတာကြောင့် ဦးပိုင်ကုမဏီကမလာမချင်း မပြန်သေးဖို့တားခဲ့တယ်လို့ဆိုပါတယ် ။
ရွာသားတွေပိုင်တဲ့လယ်တွေပေါ်မှာကုမ္မဏီက အဆောက်အဦးတွေဆောက်ချင်သလို ဆောက်နေတဲ့ကိစ္စကို ဘယ်သူမှဖြေရှင်းပေးခြင်းမရှိ တာကြောင့်ရွာသားများက အဆောက်အဦးတွေလာဆောက်တိုင်းအချိုန်ကုန်ခံပြိး ဆန္ဒပြရ တားဆီးရလုပ်နေတာဟာ တလထဲမှာအကြိမ်ပေါင်းမနည်းရှိပြီလို့ဆိုပါတယ် ။
တရုပ်ဝန်ထမ်းကိုမပြန်သေးဖို့ပြောဆိုတဲ့ ဒေသခံတောင်သူတွေကိုလုံခြုံရေးရဲများကရွာသားတွေကိုအကြမ်းဖက်တယ်ဆိုပြိး ၀င်ရောက် ရိုက်နှက်တဲ့အတွက် ဆည်တဲရွာက ရွာသူ အမျိုးသမီး ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။
ဒီအတွက်ဆားလင်းကြီး ရဲစခန်းမှာနာကျင်စေမူနဲ့အမူဖွင့်တိုင်ကြားထားပါတယ်။
လုပ်စားစရာမြေမရှိလို့ သူတို့ လယ်မြေတွေပေါ်မှာအဆောက်အဦးဆောက်တာကို တားဆီးနေကြပုံ ဆည်တဲရွာ က ၂၇-၁၀-၁၂ မြင်ကွင်း
Photo.aye mar Facebook သတင်း ဒေါင်းမာန်ဟုန်
No comments:
Post a Comment