Sunday, 28 October 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီးအနားက လယ်မြေတွေမှာ တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီဖက်က အဆောက်အဦးတွေ နေ့ ည ဆက်လက် ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက်
မနက်ပိုင်းက ဒေသခံ (၅၀၀) နီးပါးဟာ အဲဒီအဆောက်အဦးတွေ ဆောက်လုပ်နေတဲ့နေရာ
ကို သွားရောက်တားမြစ်ခဲ့ကြပါတယ်။

အဲဒီလို သွားရောက်တားမြစ်နေစဉ်အတွင်း အချိန်ပိုင်းလောက်မှာပဲ ကုမ္ပဏီဖက်က လုံခြုံရေး
 ရဲဝန်ထမ်း (၃၀)ကျော်နဲ့ သွားရောက်တားမြစ်တဲ့ ဒေသခံတွေကြား အဓိကရုန်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးတွေ နေ့စဉ်ရက်ဆက်
လာဆောက်နေတဲ့ အတွက် ဆောက်လုပ်နေတာတွေ မရပ်မချင်း အသေခံတားမြစ်သွား
မယ်လို့ ဆည်တဲ ဒေသခံ ရွာသူတစ်ဦးက ပြောပါတယ်။

ဒီအတောအတွင်း လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ မြေစာတွေကို ကျော်ရွာအနီးအနားက လယ်မြေတွေမှာ သွားရောက်စွန့်ပစ်တဲ့အတွက် ဒေသခံ(၂၀၀) နီးပါးလောက် သွားရောက်
တားမြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment