Thursday, 25 October 2012

ကူတိုးလက်မှတ်ဝယ်ပြီးသော်လည်းထိုင်ခုံဖိုးထပ်ပေးဆောင်ရသည့်မော်လမြိုင်ဘီလူးကျွန်းပြေးဆွဲသောသမိန်ဗရမ်းရေယာဉ်အားခရီးသွားများမကျေမနပ်ဖြစ် -




အောက်တိုဘာလ ၂၅ ရက် ၂၀၁၂ခုနှစ် ကြာသပတေးနေ့ 

မော်လမြိုင် - ဘီလူးကျွန်းပြေးဆွဲသည့် သမိန်ဗရန်း ရေယာဉ်သည် ကူတ
ိုးလက်မှတ်ဝယ်ပြီးသော်လည်း ထိုင်ခုံဖိုးထပ်မံပေးဆောင်ရကြောင်းခရီးသွားပြည်သူတစ်ဦး၏ပြောကြားချက်အရသိရပါသည် ။ ယခင်ကာလတွေဆိုရင် လက်မှတ်ဝယ်ပြီးတာနဲ့ ကိုယ်ကြိုက်နှစ်သက်ရာထိုင်ခုံတွေမှာ ဝင်ထိုင်လို့ ရပါတယ် ၊ထိုင်ခုံကြေးပေးဆောင်ရန်မလိုပါဘူး ။ အချို့  ဇတ် တွေနှင့် သင်္ဘော တွေဆို နဂိုကတည်းကမှ ထိုင်ခုံမရှိပါဘူး ခွေးခြေခုံ နှင့် ကုလားထိုင်များ ချထားပေးပြီး ထိုင်ခုံကြေးကောက်ခံပါတယ်၊ ကုလားထိုင်ဆိုဈေးတစ်မျိုးကောက်ခံပြီး ခွေးခြေခုံဆိုဈေးတစ်မျိုးကောက်ခံကြပါတယ် ဟုလည်းပြောကြားခဲ့ပါတယ်။

“အခုဆိုအရင်တုန်းက တစ်ခါမှမကောက်ခံဘူးတဲ့ သင်္ဘောက လက်မှတ်ဝယ်ပြီးတဲ့ အပြင် ထိုင်ခုံကြေးဆိုပြီး ထပ်မံကောက်ခံလေ့ ရှိပါတယ်၊ ထိုင်ခုံကြေးက မများပေမယ့် ကျွန်တော်တို့ လို နေ့ စဉ်သွားလာသူတွေအတွက်ဆိုတော့ ထိခိုက်မှုအနည်းငယ်တော့ရှိပါတယ်၊ သက်ဆိုင်တဲ့သူတွေကိုလဲ သိစေချင်ပါတယ် ”ဟု ဘီလူးကျွန်းနေချောင်းဆုံမြို့ ခံတစ်ဦးကပြောကြားပါတယ် ။

ဓါတ်ပုံ ( Infinity Power )

No comments:

Post a Comment