Thursday, 25 October 2012

ဝေလငါးများ အစုလိုက်အပြုံလိုက် ကမ်းတင်သေဆုံး

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အိန္ဒိယနိုင်ငံ၏ မြောက်အက်ဒမန်ကျွန်း အနောက်ဘက်ကမ်းရိုးတန်းတွင် ဝေလငါးများ အစုလိုက်အပြုံလိုက် ကမ်းတင်သေဆုံးကြောင်း သိရသည်။

ဝေလငါးကောင်ရေ ၄၀ ခန့် ကမ်းတင်သေဆုံးနေသည်ကို တံငါသည်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုကဲ့

သို့ ဝေလငါးများ အစုအပြုံလိုက် ကမ်းတင်သေဆုံးမှုမျိုး မတွေ့ရှိခဲ့ဖူးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အစားမှားပြီး အဆိပ်အတောက်ဖြစ်သော သို့မဟုတ် ဒဏ်ရာအနာတရဖြစ်သော ဝေလငါးတစ်ကောင်နောက်သို့ အခြားဝေလငါးများ အုပ်စုလိုက် လိုက်ပါလာပြီး ရေတိမ်ပိုင်းနေရာများသို့ လမ်းမှားရောက်ရှိကာ ကမ်းတင်ခြင်း ဖြစ်တတ်ကြောင်း၊ ထို့အတူ ဝေလငါးများ ပင်လယ်တွင်း ကူးခတ်သွားလာရင်း လမ်းမှားကာ ရေတိမ်ပိုင်းသို့ ရောက်ရှိလာပြီးနောက် ရေနက်ပိုင်းသို့ ပြန်လည် ကူးခတ်သွားရောက်နိုင်ခြင်း မရှိတော့ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း CNA သတင်းက ပြောကြားသည်။
Planet Myanmar Network

No comments:

Post a Comment