ကြံ့ခိုင်ရေးပါတီညီလာခံကို အောက်တိုဘာ ၁၄ ကနေ ၁၆
အထိ ကျင်းပမယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။ ဒီညီလာခံကနေ လစ်လပ်နေတဲ့
ပါတီ ဥက္ကဌ ရာထူးကို ပြန်လည် ရွေးချယ်ကောင်း ရွေးချယ်နိုင်တယ်လို့
သတင်းတွေလည်း ထွက်နေပါတယ်။ ပါတီရဲ့ မူလ ဥက္ကဌဖြစ်တဲ့ ဦးသိန်းစိန်က
သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာမို့ ပါတီလုပ်ငန်း တာဝန်တွေကနေ အနားယူခဲ့
ရပါတယ်။ လက်ရှိကာလမှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဌလည်းဖြစ်၊ ပါတီရဲ့ ဒုတိယ
ဥက္ကဌလည်းဖြစ်တဲ့ သူရ ဦးရွှေမန်း (ပုံ) က ပါတီကို ဦးဆောင်လို့ နေပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ကျင်းပမယ့် ပါတီညီလာခံကနေ ဦးရွှေမန်း ပါတီ ဥက္ကဌ
ရာထူး ရသွားနိုင်သလား ဆိုတာကလည်း စိတ်ဝင်စားဖွယ် မေးခွန်း ဖြစ်ပါတယ်။
သတင်း BBC Burmese
သတင်း BBC Burmese

No comments:
Post a Comment