Friday, 12 October 2012

ပြည်သူ(၄၀၀)ကျော် စစ်တွေဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်



စစ်တွေမှ ရခိုင်လူမျိုးများအပါအ၀င် မာရမာကြီးနှင့်ဟိန္ဒူလူမျိုးများမှာ စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး ရှေ့၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်နှင့်၊မာရမာကြီး၊ဟိန္ဒူလူမျိုးအပါအဝင် အင်အား (၄၀၀) ကျော်မှာ ဘင်္ဂလားဒေရှ်ကောင်စစ်ဝန်ရုံးရှေ့၌ နာရီဝက်အကြာ ငြိမ်သက်စွာံ ဆန္ဒ္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာ(၂၂)ရက်နေ့ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအဆောက်အဦးများပျက်စီးခံရမှုနှင့် ပတ်သက်၍ ကန်ကွက်လိုသည့်အတွက် စစ်တွေမြို့မှရခိုင်လူမျိုး မာရမာကြီးနှင့်ဟိန္ဒူလူမျိုးများက စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်

မာရမာကြီးဆိုသည်မှာ ရခိုင်မျိုးနွယ်ဝင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်းနေထိုင်ကြသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုမှာရခိုင်ပြည်နယ်တွင်တတိယမြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။


သတင်း-- Myit Makha Mediagroup

No comments:

Post a Comment