Thursday, 11 October 2012

ကိုင်းကျွန်မှီ ကျွန်းကိုင်းမှီ နေချိန်မှာ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးလည်း အောင်မယ်





အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှ.. အခြားသူတွေ အတွက်လည်း ကောင်းအောင် လုပ်ပေးနိုင်မှ ကြီးပွား တိုးတက်လာရတာ ဖြစ်ပါတယ်။ လက်ရှိမှာ လူတွေ စိတ်ချမ်းသာစွာ ကျန်းမာ ပျော်ရွှင်နေကြတာကို စဉ်းစားကြည့်လိုက်ရင် အခြားသူတွေအတွက် အားသွန်ခွန်စိုက် လုပ်ပေးနေရတာတွေကြောင့်ပါပဲ။


ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ နေစရာအိမ်တွေ၊ အလုပ်လုပ်တဲ့ စက်ရုံ အဆောက်အဦတွေကို တွေ့ပါလိမ့်မယ်။ ခရီးသွားလာနိုင်တဲ့ လမ်းတွေကို တွေ့ရပါမယ်။ ဆင်မြန်းထားတဲ့ အဝတ်အစားတွေကို မြင်နေမိမှာပဲ… ဒါမှမဟုတ် စားသောက်စရာတွေလည်း မြင်ရမှာပါ။ ဒါတွေအားလုံးဟာ အခြားသူတွေက လုပ်ပေးလိုက်လို့ ရလာတာကို ဝန်ခံကြရပါမယ်။

တခါမှ မသိဖူးတဲ့ လူများစွာအပေါ်မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် ဝတ်ဆင်နိုင်ကြပါစေ၊ စားသောက်နိုင်ကြပါစေ၊ သွားလာ လုပ်ကိုင် နေထိုင်နိုင်ကြပါစေ ဆိုတဲ့ သဘောထားမျိုး မထားပေးနိုင်ရင်၊ စာနာငဲ့ညှာ ဂရုစိုက်တာ မရှိရင်၊ မကူညီပေးရင် ဒီလို အဆင်ပြေပြေ သုံးစွဲနိုင်စရာတွေ ရှိနေတော့မှာ မဟုတ်လို့ လူတွေမှာ စိတ်ချမ်းသာ အဆင်ပြေစရာတွေလည်း ရှိမှာ မဟုတ်တော့ပါဘူး။

လွင်အောင်စိုး
၁၁-၁ဝ-၂ဝ၁၂
(မှတ်ချက် -- ခံစားမိတဲ့အတိုင်း မြန်မာဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။)

No comments:

Post a Comment