သမ္မတဦးသိန်းစိန်ဟာ သုံးရက်ကြာ တောင်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ပြီး အခုည ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ သုံးရက်ကြာ ခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချန်းဝမ်းက သင်္ဘောကျင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် နဲ့အတူ သင်္ဘောတည်ဆောက်ရေးအကြီးအကဲ ကန်ဒေါက်ဆူး (Kang Duk-soo) လိုက်ပါသွားပြီး သမ္မတကြီးနဲ့ မစ္စတာကန် တို့ဟာ နှစ်နိုင်ငံကြား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ရေး ဆိုင်ရာ စက်မှုစီးပွားရေးလုပ်ငန်းတွေ
ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ဟာ ဆိုးလ်မြို့တော်မှာ ရှိတဲ့ Cheong Wa Dae သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတနှစ်ဦးတွေ့ဆုံရာမှာ တံခါးဖွင့်ဝါဒကို စတင် ကျင့်သုံးပြီဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ လုပ်ဆောင်နိုင်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုရခဲ့တယ် လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သုံးရက်ကြာ အလည်အပတ် ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ရဲ့ရှေ့မှော
“ပထမတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ ကိုရီးယားသမ္မတနိုင်ငံအစိုးရ
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယား Convention Center ကို သွားရောက်ပြီးတော့ မိန့်ခွန်း ပြော ကြားခဲ့သလို တောင်ကိုရီးယားနိုင်ငံက အလတ်စား၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော် ခဲ့ပါသေးတယ်။
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမနေ့ခရီးစဉ်မှာပဲ တောင်ကိုရီးယား ကို ရောက်နေတဲ့ မြန်မာပညာတော်သင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာအစိုးရက ဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ၁၉၅၀ နဲ့ ၅၃ ခုနှစ်တွေကြား ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ မြန်မာစစ်သားတွေကို တောင်ကိုရီးယား အမျိုးသား စစ်သင်္ချိုင်းမှာ သွားပြီးတော့ ဂါရဝပြုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု
VOA

No comments:
Post a Comment