တစ်ရွာနှင့် တစ်ယောက် ပြဿနာ တက် နေသော အေးရှားဝေါလ် ကုမ္ပဏီ
လုပ်ငန်းများတွင် လက်ခွဲ ဆပ်ကန်ထရိုက်တာများ အဖြစ် ဆောင် ရွက်နေ ကြသော အသေးစား တိုင်းရင်းသား လုပ်ငန်းရှင် ဆယ်ဦးသည် အဓိက ကန်ထရိုက်ရရှိထားသည့် အေးရှားဝေါလ် ကုမ္ပဏီ နှင့် လုပ်ငန်း လုပ်ကိုင်ရခြင်းကြောင့် အဆင်မပြေ မှုများကို ကြုံတွေ့နေရခြင်းအား လွန်ခဲ့သော အင်္ဂါနေ့က ရန်ကုန်မြို့ စီးတီးဟော်တယ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ထိုသတင်းစာ ရှင်းလင်း
လုပ်ငန်းများတွင် လက်ခွဲ ဆပ်ကန်ထရိုက်တာများ အဖြစ် ဆောင် ရွက်နေ ကြသော အသေးစား တိုင်းရင်းသား လုပ်ငန်းရှင် ဆယ်ဦးသည် အဓိက ကန်ထရိုက်ရရှိထားသည့် အေးရှားဝေါလ် ကုမ္ပဏီ နှင့် လုပ်ငန်း လုပ်ကိုင်ရခြင်းကြောင့် အဆင်မပြေ မှုများကို ကြုံတွေ့နေရခြင်းအား လွန်ခဲ့သော အင်္ဂါနေ့က ရန်ကုန်မြို့ စီးတီးဟော်တယ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ထိုသတင်းစာ ရှင်းလင်း
ပွဲတွင်
ကြွေးကျန်သိန်းပေါင်း ၁၀ဝ၀ဝ ကျော်ရှိကြောင်းနှင့် ငွေကြေးပေးမှုမပြုသည်မှာ
၁၇ လတာမျှကြာပြီဖြစ်ကြောင်း ကြွေးရှင် ၁၀ ဦးက တင်ပြပြောကြားခဲ့ကြသည်။
အေးရှားဝေါလ်နှင့် ထိုလက်ခွဲဆပ်ကန်ထရိုက်၁၀ ဦးလုပ်ကိုင်ခဲ့သည့်
လုပ်ငန်းပမာဏ စုစုပေါင်းတန်ဖိုးမှာ သန်း ၃၀ဝ၀ဝ ကျော်အထိပင်ဖြစ်သည်။
ြွေကးကျန်ပမာဏမှာ ၃၅ ရာခိုင်နှုန်းမျှဖြစ်ပြီး ထိြုွေကးကျန်ကို လာမည့် တစ်
နှစ်တာကာလအတွင်းမှာ အပြီးပေးချေပါမည်ဟု အေးရှားဝေါလ်ကုမ္ပဏီ၏
ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။ ထိုသို့ ငွေကြေးအခက်အခဲ ကြုံနေသော
အေးရှားဝေါလ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီး မားဆုံးနှင့်
လုပ်ငန်းအမျိုးမျိုး အလုပ်ဆုံးကုမ္ပဏီ ကြီးတစ်ခုပင်ဖြစ်သည်။
အေးရှားဝေါလ်သည် စက်မှုဖွံ့ဖြိုးရေး ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊ သွင်းကုန် ထုတ်ကုန် ကဏ္ဍနှင့် ဒေသတွင်းကုန် တိုက်များ ဖွင့်လှစ်မှုအထိ ကဏ္ဍပေါင်းစုံတွင်ပါ လုပ်ကိုင်နေသည်။ မြန်မာ နိုင်ငံတွင် စင်ကာပူမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေ ကြေးပမာဏ ( ၂၀ဝ၀ ပြည့်နှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ . ၃ ဘီလီယံရှိခဲ့သည်) ထက်ဝက်မှာ အေးရှားဝေါလ်လုပ်ငန်းများမှ ဖြစ် သည်။ ကုမ္ပဏီတည်ထောင်သူ လော်စစ်ဟန်သည် တိုင်းရင်းသား ကိုးကန့်-တရုတ်လူမျိုးတစ်ယောက်
ဖြစ်သည်။ အေးရှားဝေါလ်အုပ်စုမှ နောက်ထပ် ကုမ္ပဏီ ၁၀ ခုကို လောစစ်ဟန်၏သား
စတီဗင် လော၏ဇနီး စင်ကာပူနိုင်ငံသူ စီစစ်လာနု (Cecilia Ng )က ပိုင်ဆိုင်သည်။
အေးရှားဝေါလ်၏ လက်ခွဲကုမ္ပဏီခြောက်ခု တွင် အလုံ သင်္ဘောကျင်း၊ အေးရှားလိုက်၊
အေးရှား ဝေါလ်ကုမ္ပဏီ၊ အေးရှားဝေါလ် စက်မှုလုပ်ငန်းများ၊
အေးရှားဝေါလ်ဆိပ်ကမ်းအုပ်ချုပ်ရေးနှင့် လီယိုအ မြန် ခရီးသည်တင်ယာဉ်လုပ်ငန်းများ ပါဝင်သည်။
နေပြည်တော်အပြင် အမျိုးသားအထိမ်း အမှတ် ဥယျာဉ်တည်ဆောက်ရန် ကန်ထရိုက်ရ
ခဲ့သော အဓိကကုမ္ပဏီနှစ်ခုတွင် အေးရှားဝေါလ် ကုမ္ပဏီပါဝင်သည်။
(အခြားကုမ္ပဏီတစ်ခုမှာ ထူး ကုမ္ပဏီများ အုပ်စုဖြစ်သည်) အေးရှားဝေါလ်သည် ၂၀၁၁
ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖွင့်လှစ် သော နေပြည်တော်လေယာဉ်ကွင်းကို တည်
ဆောက်ရန်အတွက် စင်ကာပူကုမ္ပဏီတစ်ခုဖြစ် သော CPG Consultants ကုမ္ပဏီမှ
နည်းပညာ အကူအညီရယူခဲ့သည်။ ကုမ္ပဏီသည် တရုတ်ကုန်သွယ်ရေးလမ်း
ဟောင်းကြီးဖြစ်သော မြန်မာပြည်လမ်းမကြီးကို ပြုပြင်၇န် အစိုးရနှင့် BOT
စနစ်အရ သဘောတူ ညီချက်ရပြီးနောက် ၁၉၉၈ ခုနှစ်ကတည်းကပင်
ထိုလမ်းမကြီးတစ်လျှောက် အကောက်ခွန်ဂိတ် များကို ကိုင်တွယ်ခဲ့သည်။
ထိုအမေရိကန်ဒေါ်လာ ၃၃ သန်းတန် စီမံကိန်းသည် ရှမ်းပြည်နယ်နှင့် တရုတ်ပြည်ကို
ဆက်သွယ်ပေးသည်။ ၂၀ဝ၀ ပြည့်နှစ်တွင် အေးရှားဝေါလ်သည်
ပုသိမ်မြို့ဆိပ်ကမ်းနှင့် ငွေဆောင်အပန်းဖြေကမ်းခြေ ကို ဆက်သွယ်ပေးသော
လမ်းမကြီးတစ်ခု ဖောက် လုပ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇွန်လတွင်မူ အေးရှားဝေါလ်
သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရှိ မဒေးကျွန်း တွင်
ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက် မည် ဟု ကြေညာခဲ့သည်။
အေးရှားဝေါလ်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်းတွင် ပါဝင်ခဲ့ ပြီး အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးသည်နား နေဆောင် ( ၂၀ဝ၇ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ သည်)နှင့် လက်ရှိပြေးလမ်းများ တိုးချဲ့ရေးလုပ်ငန်း (၂၀ဝ၈ ခုနှစ်၊ ဇူလိုင်လတွင် အပြီးသတ်ခဲ့သည်)တို့ ကိုလည်း ဆောင်ရွက်ခဲ့သည်။ အေးရှားဝေါလ်သည် ရန်ကုန်မြို့အနီး သီလဝါ အထူးစီးပွားရေးဇုန်အတွက် မြေဧက ငါးသောင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော မြန်မာကုမ္ပဏီ၁၈ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ကုမ္ပဏီသည် စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍတွင် လည်းပါဝင်သည်။
ယင်းသည် သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်ရေး လုပ်ငန်းများ တွင် မကြာမတင်ကာလက
ပါဝင်လာခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရိုး တစ်လျှောက်
(မြစ်ဆုံဆည်အပါအဝင်)ဆည်ပေါင်းများစွာ
တည် ဆောက်ရန် ရည်ရွယ်ထားသည့် China Power Investment Corporation
နှင့်လည်း ဖက်စပ်မှုပြု ထားသည်။ ရန်ကုန်တွင်မူ ကုမ္ပဏီသည် ကုန်တိုက်ကြီး
အိမ်ရာတိုက်ခန်းများနှင့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများတွင်
ရှယ်ယာများပါဝင်သည်။ ကမ်း နားလမ်းကို အဆင့်မြင့်ပြုပြင်ရန် ၂၀၁၁ ခုနှစ်
တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီနှင့်
ဖက်စပ်ပေါင်းစည်းခဲ့သည်။ ကုမ္ပဏီသည် အထည်ချုပ်လုပ်ငန်းများ၊ ဘီယာထုတ်လုပ်ရေး
လုပ်ငန်း(တိုက်ဂါးဘီယာ)၊ စက္ကူစက်လုပ်ငန်းများ၊ စားအုန်းဆီလုပ်ငန်းများနှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွ င်လည်း
ပါဝင်ခဲ့ သည်။ အေရှားဝေါလ်သည် ၂၀ဝ၀ ပြည့်နှစ် ကတည်းကပင် အလုံမြို့နယ်တွင်
ဆိပ်ကမ်း တစ်ခုကို ကိုင်တွယ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အေရှားဝေါလ်၏
လော်စစ် ဟန်သည် ရန်ကုန်မြို့တွင် ကုန်သည်ကြီးများ ဟိုတယ် (Trader Hotel))
တည်ဆောက်ရန် ရှန်ဂရီလာဟိုတယ်များနှင့် ရီဆော့စ်ရောဘတ်ကိုစ့် နှင့်
ပူးပေါင်းခဲ့သည်။
အေရှားဝေါလ်သည် Trader Hotel ၏ ရှယ်ယာဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင် သည်။ ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် အစိုးရသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏
ခရီးသည် ဝန်ဆောင်မှုလုပ်ငန်းများ အုပ်ချုပ်ရေးအပြင် ထွက်ခွာခွင့်
ကောက်ခံမှုအပါအဝင် လုပ်ငန်းအဝ၀ ကို အေးရှားဝေါလ်အား
လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အေးရှာဝေါလ် သည်
သီလဝါနှင့် ရန်ကုန်ဆိပ်ကမ်းတို့တွင် ဆိပ်ခံတံတား ၁၃ ခု တည်ဆောက်ရန် ကန်
ထရိုက်ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် အေး ရှားဝေါလ်သည် Italthai
Industrial Group စီးပွားရေးအုပ် စုကဆောင်ရွက်နေသော ထားဝယ်
အထူးစီးပွားရေးဇုန်တွင် ပါဝင်သော ရင်းနှီး မြှုပ်နှံသူတစ်ဦးအဖြစ်
သတ်မှတ်ခံခဲ့ရသည်။ မြန်မာနိုင်ငံအတွင်းသို့ လောင်စာဆီ တင်
သွင်းရောင်းချရန်လိုင်စင်ကို
၂၀၁၁ ခုနှစ်၊ ဩဂုတ် လတွင် အစိုးရကချပေးခဲ့ရာ လိုင်စင်ရ ကုမ္ပဏီ လေးခုတွင်
အေးရှားဝေါလ်ကုမ္ပဏီလည်း ပါဝင် ခဲ့သည်။ စက်တင်ဘာလတွင် အေးရှားဝေါလ်၏ လက်စွဲ
ကုမ္ပဏီတစ်ခုဖြစ်သော Asia Mega Link သည် ဆဲလ်လူလာဖုန်း SIMကဒ်များ
ရောင်းချရန် မြန်မာနိုင်ငံစာတိုက်နှင့်ဆ က်သွယ်ရေးဌာနနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရရှိခဲ့ သည်။
အေးရှားဝေါလ်သည် စက်မှုဖွံ့ဖြိုးရေး ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊ သွင်းကုန် ထုတ်ကုန် ကဏ္ဍနှင့် ဒေသတွင်းကုန် တိုက်များ ဖွင့်လှစ်မှုအထိ ကဏ္ဍပေါင်းစုံတွင်ပါ လုပ်ကိုင်နေသည်။ မြန်မာ နိုင်ငံတွင် စင်ကာပူမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေ ကြေးပမာဏ ( ၂၀ဝ၀ ပြည့်နှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ . ၃ ဘီလီယံရှိခဲ့သည်) ထက်ဝက်မှာ အေးရှားဝေါလ်လုပ်ငန်းများမှ
အေးရှားဝေါလ်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်းတွင် ပါဝင်ခဲ့ ပြီး အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးသည်နား နေဆောင် ( ၂၀ဝ၇ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ သည်)နှင့် လက်ရှိပြေးလမ်းများ တိုးချဲ့ရေးလုပ်ငန်း (၂၀ဝ၈ ခုနှစ်၊ ဇူလိုင်လတွင် အပြီးသတ်ခဲ့သည်)တို့ ကိုလည်း ဆောင်ရွက်ခဲ့သည်။ အေးရှားဝေါလ်သည် ရန်ကုန်မြို့အနီး သီလဝါ အထူးစီးပွားရေးဇုန်အတွက် မြေဧက ငါးသောင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော မြန်မာကုမ္ပဏီ၁၈ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ကုမ္ပဏီသည် စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍတွင်
အေရှားဝေါလ်သည် Trader Hotel ၏ ရှယ်ယာဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင် သည်။ ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် အစိုးရသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆ
chit coco

No comments:
Post a Comment