အောက်တိုဘာလ(၂၂)ရက် ကျောက်ဖြူမြို့ ဆားပြင်ကျေးရွာ အနောက်ဘက်တွင် ဘင်္ဂလီတစ်စုသည် ဗလီကျောင်းကို မီးရှို့လိုက်ပြီး ပဋိပက္ခ ဖန်တီးနေသောကြောင့် စစ်တပ်နှင့် ရဲများက လုံခြုံရေးချထားရကြောင်း သတင်းရရှိသည်။
ယနေည(၉)နာရီတွင် ကျောက်ဖြူမြို့ ဆားပြင်ကျေးရွာမှ ဘင်္ဂလီများသည် လူစုကာ ရခိုင်ကျေးရွာဘက်သို့ သွားရောက်ရန် အရိပ်အယောင်ပြရာမှ ရဲတပ်သားများ လိုက်လံတားဆီး
ရာ ရခိုင်ကျေးရွာဘက်သို့ မရောက်ရှိခဲ့ဘဲ ဆားပြင်ကျေးရွာ အနောက်ဘက် ၄င်းကို ဗလီကို ၄င်းတို့ကိုယ်တိုင် မီးရှို့လိုက်ကြောင်း သိရှိရသည်။
"သူတို့က ရခိုင်ကျေးရွာတွေဘက်ကို တက်လာတယ်ဆိုပြီး ရဲတွေက ဆားပြင်ရွာနဲ့ ရခိုင်ရွာတွေကြားမှာ လုံခြုံရေးယူထားတဲ့အချိန်မှာ
ရဲတွေရှိတဲ့ဘက်ကို ရောက်မလာဘဲ ဗလီကိုမီးရှို့လိုက်တာ။ ခုတော့
မီးသတ်ကားရောက်လာပြီး မီးငြိမ်းလိုက်ပါပြီ။ ဗလီကျောင်း တစ်ခြမ်း
မီးလောင်ကျွမ်းသွားပါတယ်။"ဟု ကျောက်ဖြူမြို့မှ လူငယ်တစ်ဦးက ပြောသည်။
ဆားပြင်ကျေးရွာနှင့် ရခိုင်ကျေးရွာများတွင် ရဲနှင့် လုံထိန်းများအပါအ၀င် ဒေသခံများက လုံခြုံရေးယူထားပြီး ည(၁၀)နာရီခန့်တွင် အခြေအနေများ ငြိမ်သက်သွားခဲ့ပြီဖြစ်ကြော င်း သိရှိရသည်။
The Arakan Time
"သူတို့က ရခိုင်ကျေးရွာတွေဘက်ကို တက်လာတယ်ဆိုပြီး ရဲတွေက ဆားပြင်ရွာနဲ့ ရခိုင်ရွာတွေကြားမှာ လုံခြုံရေးယူထားတဲ့အချိန်မှ
ဆားပြင်ကျေးရွာနှင့် ရခိုင်ကျေးရွာများတွင် ရဲနှင့် လုံထိန်းများအပါအ၀င် ဒေသခံများက လုံခြုံရေးယူထားပြီး ည(၁၀)နာရီခန့်တွင် အခြေအနေများ ငြိမ်သက်သွားခဲ့ပြီဖြစ်ကြော
The Arakan Time

No comments:
Post a Comment