Tuesday 16 October 2012
နှစ်၅၀မြောက်ရွှေရတုမွေးနေ့
နှစ်၅၀မြောက်ရွှေရတုမွေးနေ့
*******************
အထာမကိုင်တဲ့ ကိုပေါ်သတင်း
ရွှေလို လလိုဝင်း
ဂုဏ်အရည်ချင်းက ထိန်ထိန်သာ
သူရိန်နေမင်းထက်ဝင်းပရှာ
ရွှန်းမြတ်သာတဲ့ မွေးနေ့ပွဲ
ရွှေရတုပင် ရောက်ခဲ့ပြီပဲ…။
အနာဂတ်လှပဖို့ 
ပုခုံးပေါ်တင်လို့ သူထမ်းပို့
အတူလှမ်းဖို့ လက်သွယ်ယှက်
ဘယ်လိုခက်ခက် သူချီတက်
လှော်တက်ညီညီ လှော်ခတ်မည်
ဒီမိုကရေစီ ပန်းတိုင်အရောက်
ကိုပေါ်နဲ့အတူ လက်တွဲလျှောက် ။
မြန်မာပြည် အနှံ့ ခြေစုံသွား
ဒေါင်းသခင်ကြီးတဲ့လား
ဒေါင်းကိုမွေးပေးတဲ့ အစ်ကို့ စိတ်ဓါတ်
ရွှေပေလွှာ ပုရပိုက်မှာ
မှတ်ကျောက်ရယ်တင်
 ကြောက်စိတ်ရယ်မ၀င်
မှတ်တမ်းတင် သမိုင်းတွင်ထင်ထင်ရှား
ကိုမင်းကိုနိုင်တဲ့ လား
စနစ်ဆိုရဲ့ အထောင်းအထုကို
အကြောင်းပြုရှာပြီး
ကဗျာတွေရေး တေးသီချင်းတွေစပ်
ပစ်မှတ်ထိတဲ့ အစ်ကို့ကဗျာလို
ညီငယ်များစိတ်ဓါတ်တွေတက်
အောင်ပွဲအတွက် လွတ်ကြောင်းကြံ
ခွပ်ဒေါင်းအမျိုး မို ရည်စိတ်သန်
သံမဏိလို ခိုင်မာပြတ်သား
ပြည်သူကို ညာဖက်ပုခုံးနဲ့
အလုပ်အကြွေးပြုမယ့်
 ယုံကြည်ချက်များနဲ့
ကိုမင်းကိုနိုင်ပါတကား။ 
ငွေရတု နရသိန် ရတုမှသည်…
နှစ် ၅၀ မြောက်..ရွှေရတုမွေးနေ့ ဆီသို့  ။  ။
ကိုထွန်းဝေ  ။  ။
16.10.2012
No comments:
Post a Comment