Friday, 19 October 2012

" မင်းမမှန်ရင် မင်းတရားခံဖြစ်မယ် " - တင်မိုး



မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ် ။
ငါမမှန်ရင်
ငါတရားခံဖြစ်မယ် ။
တရားဆိုတာ
ညှာလည်းမညှာ
ညာလည်းမညာ
သာစေ နာစေ မရှိ
ပကတိ
သူ့ သဘော သူဆောင်ခြင်း ပဲ။

ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့အထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့မင်းရဲ့အနာဂါတ် ။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။

မင်ဘာလည်း
မင် ဘယ်သူလည်း
မင်းဟာ မင်းဘဲ ။

ဆရာတင်မိုး

မူရင်းသတင်း---- Richelle Ko

No comments:

Post a Comment