Thursday, 18 October 2012

ဂေါလစ် ကျားငါး



အာဖရိကမှာ တွေ့ရှိတဲ့ ငါးမျိုးတစ်မျိုး ဖြစ်ပါတယ်။ Goliath Tigerfish လို့ အမည်ပေးထားပြီး အသားစား ငါးမျိုး ဖြစ်ပါတယ်။
Goliath အမည်က အစ္စရေးပုံပြင်ထဲက စစ်သူရဲကောင်းရဲ့ နာမည် ဖြစ်ပါ တယ်။ သူ့လိုပဲ ကြောက်စရာကောင်းလောက်အောင် အစွမ်း
ထက်လို့ ဖြစ် ပါတယ်။ ငါးလို ရေထဲမှာ နေထိုင်ပြီး ကျားတစ်ကောင်လို အမဲ လိုက် ပါတယ်။ ဒါကြောင့် သူ့ကို Goliath Tigerfish (ဂေါလစ် ကျားငါး)လို့ အမည် ပေး လိုက်ခြင်း ဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ ငါးသရဲလို့ လည်း ခေါ်ပါသေး တယ်။

အာဖရိကမှာ အတွေ့များပြီး လူသားလည်း စားတဲ့ ငါးဖြစ်ပါ တယ်။ ရေချို မှာ တွေ့ရတဲ့ ငါးဖြစ်ပြီး အရှည် ၄.၉ ပေ၊ အလေးချိန် ပေါင် ၁၁၀ လေးတဲ့ ငါးဖြစ်ပါတယ်။ သူ့ကို တံငှာသည်တို့အတွက် တံငှာလိုက်လို့ အကောင်းဆုံးငါး (Gamefish) လို့လည်း သတ်မှတ်ထားပါတယ်။
Ref:wiki
https://innewsmyanmar.blogspot.com/2012/10/blog-post_18.html
သတင်း----International news for myanmar

No comments:

Post a Comment